17

335 22 0
                                    

Uni

"ဝေယံ ......ဝေယံ.... ထတော့လေ"

ပခုံးအားလှုပ်ပြီး ခေါ်နေတာကြောင့် ဝေယံ မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း ခုမှနိုးကာစမို့ မျက်လုံးက ချက်ချင်းဖွင့်လို့မရ။ မျက်ခွံအား လက်ဖြင့်ဖိပွတ်ကာ အိပ်ချင်းမူးတူးဖြင့် 'အင်း' ဟု အသံ တစ်ချက် အရင် လွတ်လိုက်သည်။ ပြီးမှ ပြန်အိပ်ဖို့ပြင်လိုက်ပြန်သည်။

"ဝေယံ ပြန်မအိပ်နဲ့ကွာ ထတော့"ဆိုသည့် ထက်မြတ်ရဲ့ အသံရှည်ဆွဲမှုကြောင့် အိပ်ရာမှ အတင်းကုန်းရုန်းထလိုက်သည်။
သို့သော် အိပ်ရာကပင် မသွားပါနှင့်ဟု ပြောနေသယောင် ပြန်အိပ်ချင်သွားပြန်သည်။

ဒါပေမဲ့လည်း မျက်လုံးဖွင့်ကာ ထက်မြတ်ကိုကြည့်လိုက်တော့ လည်ထောင်ရှပ်အင်္ကျီအဖြူနှင့် နီညိုရောင်ပုဆိုးအကွက်ကို ဝတ်ဆင်ထားကာ ချောပြီး သန့်ပြန့်နေတာ ။ကျက်သရေရှိတယ်ဆို ပိုမှန်ပေမည်။ ဝေယံရဲ့ သေချာကြည့်ရှုနေမှုကြောင့်
"ဟေ့ အဲ့လောက်ကြည့်မနေနဲ့ ငါချောမှန်းသိပါတယ်။ ထ 'သွား! ရေချိုး ၊ အဝတ်လဲပြီး အပြင်ထွက်ခဲ့တော့ ။ .. ဪ... နေအုံး ငါနဲ့ဆင်တူဝတ်ခဲ့နော် ဒီမှာ"

ထက်မြတ်က ကုတင်ဘေးက ထိုင်ခုံပေါ်တွင် တင်ထားသော ဝတ်စုံအား ပုတ်ပြတာကြောင့်
"အေးပါကွာ သိပါတယ်"ဟု ဖြေပြီး အိပ်ရာပေါ်မှဆင်းလိုက်သည်။
ထက်မြတ်ကတော့
"မြန်မြန်လုပ်ခဲ့ ကိုထက်က ထမင်းစားဖို့ မင်းကိုစောင့်နေတာ" ဟု ပြောကာ အခန်းထဲမှ ထွက်သွားလေသည်။

ဝေယံလည်း ထက်မြတ်ပြောသလို မြန်မြန်မျက်နှာ သစ်လိုက်ပြီး ခုံပေါ်မှ ဝတ်စုံအား ကောက်ဝတ်လိုက်သည်။ ထက်မြတ်နဲ့ ဆင်တူဝတ်တာက အဆန်းတော့လည်းမဟုတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် စခင်ပြီးနောက် မကြာမကြာ ဆင်တူဝတ်တတ်တာမို့ အများကပင် ချစ်စရာ အတွဲလို့မြင်သလိာ စလည်းစကြသည်။ စချင်စရာကောင်းလောက်အောင်ပင် ဝေယံက ချစ်စရာ ကောင်းလွန်းပြီး ထက်မြတ်က ခန့်ချောဖြစ်နေတာကြောင့်ပင်။ ဒါကြောင့်လည်း တစ်ခြားတစ်ယောက်ဖြစ်ဖြစ် ကောင်မလေးတစ်ယောက်နှင့်ဖြစ်ဖြစ် စ‌ေနာက်သည်ထက် စာလျှင် ထက်မြတ်နှင့် စခံရတာ ပို၍အဆင်ပြေလေသည်။

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now