21

346 19 3
                                    

Uni

အုံ့မှိုင်းနေပြီး ရွာမလိုပြင်နေသော မိုးရိပ်အောက်တွင် ကားမည်းလေး‌တစ်စီးပြေးလွှားနေပေသည်။ ကွေ့ကောက်နေသော လမ်းလေးတစ်လျှောက် တရိပ်ရိပ်မောင်းနှင်လာပြီးနောက် သစ်ပင်ကြီးတွေဖြင့်သာ ဖုံးအုပ်နေသော ခြံဝန်းကျယ်ကြီးထဲသို့ မောင်းဝင်သွားခိုက် ခြံတံခါးမှာ အလိုလိုပွင့်သွားလေသည်။ ခြံဝန်းထဲတွင် သစ်ပင်ကြီးတွေသာအုပ်မိုးနေတာကြောင့် နေပြောက်တောင် သိပ်မထိုးပေ။ ခြံဝန်းထဲရောက်လာသော ကားလေးမှာ ခြံထောင့် တစ်နေရာသို့ ရောက်ပြီး ကားရပ်လိုက်ချိန် ခြံဝန်းတံခါးမှာအလိုလို ပြန်ပိတ်သွားလေသည်။ ကားထဲမှ အရင်ဆုံးတံခါးဖွင့် ဆင်းလာသူက မင်းထက်မာန်ပင်။

"သခင်လေး ဒီအိမ်မှာ တကယ်နေမှာလား"

‌ကားထဲမှ ထွက်လာသည့် နောက်တစ်ယောက်က မင်းထက်မာန်အား မယုံကြည်နိုင်ဟန်ဖြင့် မေးနေတာကြောင့် မင်းထက်မာန် ဘောင်းဘီ အိတ်ကပ်ထဲသို့ လက်ထည့်လျက် ထိုတစ်ယောက်အား မျက်နှာသေဖြင့်ကြည့်လိုက်ပြီး

"အင်း!!" ဟု တစ်လုံးသာဖြေသည်။ ပြီးတော့ အိမ်တံခါးဝဆီသို့သွားကာ အမည်းရောင် သန်းနေသော တံခါးတစ်ချပ်ပေါ်သို့ ညာလက်ဝါးဖြန့်ကာ တင်လိုက်တော့ scan ဖတ်သွားကာ တံခါးပွင့်သွားလေသည်။ အိမ်ထဲတွင် မှောင်မိုက်နေပြီး ဧည့်ခန်းထဲမှ ဆိုဖာများကို အစအဖြူများဖြင့် ဖုံးထားလေသည်။ မင်းထက်မာန် အိမ်ထဲသို့ ဝင်လိုက်ပြီး ချက်ချင်းပင် ဧည့်ခန်းဘေးရှိကြောင်လိမ်လှေကားမှ တစ်ဆင့် အပေါ်ထက်သို့တက်သွားလေသည်။ ဖိနပ်မချွတ်တာကြောင့် လှေကားတွင် ဖုန်တွေ ရှိနေပါသော်လည်း မင်းထက်မာန်က ဂရုစိုက်ဟန်မတူ။ လှေကားပေါ်တက်နေရင်းမှ လက်‌ဖျစ်တစ်ချက်တီးလိုက်‌သောအခါ တစ်အိမ်လုံး မီးများလင်းသွားလေသည်။ နံရံထက်တွင် မီးစာ ထည့်ရသော မီးအိမ်တွေရှိနေကာ လျှပ်စစ်မီး မတပ်ဆင်ခင်က သုံးခဲ့ဟန်တူသည်။ မျက်နှာကျက်မှ မီးဆိုင်မှာလည်း အခုချိန်တွင် တလက်လက်ဖြစ်နေလေသည်။

မင်းထက်မာန်နှင့်အတူလိုက်ခဲ့တဲ့ ဇေယျမှာတော့ အိမ်ရဲ့ခမ်းနားမှုကို မကြည့်အား ကားပေါ်မှ ပစ္စည်းများ နေရာချကာ အိမ်ကို သန့်ရှင်းဖို့သာ ပြင်ဆင်နေလေသည်။

အမုန်းခံနှလုံးသား❣️အမုန်းခံနှလုံးသား(Uni &Zawgyi)Where stories live. Discover now