Unicode
အခုညသန်းခေါင်ကို ချက်ချင်းကြီးရောက်ချလာပြီး ရေကန်နားမှာ တဝဲလည်လည်လုပ်နေတဲ့ နဂါးဘုရင်ကို မားဝမ်ယွမ် တစ်ယောက် နားမလည်နိုင်တော့ပေ။ ' အရှင်က မချစ်တက်သေးတာလား မချစ်တက်ချင်ယောင် ဆောင်နေတာလား ´ လို့တောင် တွေးမိတဲ့အဖြစ်ပါပဲ။
" အရှင် ဘာများလိုအပ်သေးပါလဲ "
" ဘာမှမလိုဘူး "
" တော်တော်နောက်ကျနေပြီမို့ အရှင်ပြန်ပြီး အနားယူတော့မလား "
" မလိုဘူး "
" ဟုတ်ကဲ့ "
မားဝမ်ယွမ် လဲ ဘာမှဆက်မပြောတော့ပဲ နဂါးဘုရင်ရဲ့အနောက်မှာ ငြိမ်ငြိမ်ရပ်နေလိုက်တော့သည်။
ဒီလိုနဲ့ တစ်ညတာဟာ ဒီရေကန်နားမှာပဲ တဝဲဝဲနှင့်ပင်။ မနက်နိုးလာတော့ မားဝမ်ယွမ် တစ်ယောက် ရေကန်နားက သစ်ပင်လေးမှာ မှီပြီး အိပ်ပျော်မိနေတာကို သတိထားမိသွားသည်။ ခြေသံကြားနေရတာမို့ ရှေ့ကိုလှမ်းကြည့်လိုက်တော့ အသီးတွေပိုက်ပြီး တရွေ့ရွေ့နဲ့ လာနေသည့် နဂါးဘုရင်ကို တွေ့လိုက်ရသည်။
မားဝမ်ယွမ် လဲ ဂါထာဖြင့် တစ်ကိုယ်လုံး ကို သန့်စင်ပြီးနောက် နဂါးဘုရင်ဆီ ပြေးသွားရတော့သည်။
" အရှင် အသီးစားချင်တာကို ဘာလို့ ကျွန်တော့်ကို မယူခိုင်းရတာလဲ "
" ငါလား မစားချင်ပါဘူး "
" အမ် အဲ့တာဆို အရှင့်လက်ထဲက အသီးတွေက? "
" ရေကန်ထဲက ကြင်ယာတော်ကို ကျွေးမလို့လေ "
" ဗျာ အရှင်ရယ် ကျွန်တော်တော့ မမွေးဖွားလာသေးတဲ့ ကြင်ယာတော်ကို အဲ့လိုတွေ ကျွေးရတယ်လို့ မကြားဖူးပါဘူး "
မားဝမ်ယွမ် တစ်ယောက် တိုင်ပတ်သွားရလေသည်။ ဒီအရှင် ဘာတွေလုပ်နေပါလိမ့် လို့ တွေးပြီး သက်ပြင်းတွေချနေရတော့သည်။
" ဘာလို့ ကျွေးလို့မရတာလဲ ? "
" ရေကန်ထဲကို အစားအစာတွေပစ်ချလိုက်ရင် ညစ်ပတ်သွားပါလိမ့်မယ် အဲ့အချိန်ကျရင် ကြင်ယာတော်က ကောင်းကောင်းမမွေးဖွားနိုင်တော့ပါဘူး အရှင် "