Part 7 🐉

359 62 9
                                    

Unicode

နဂါးဘုရင်လဲ ခဏကြောင်သွားပေမယ့် နောက်တော့ သတိပြန်ဝင်ကာ အသက်မပါစွာဖြင့် ရယ်မောလိုက်လေသည်။

" မယ်တော် မယ်တော် သားတော် ဘယ်တုန်းက ဖုံးကွယ်ထားတာရှိလို့လဲ ဟားဟား မယ်တော်က တမင်လာနောက်နေတာမလား "

" သားတော်အကြောင်းကို မယ်တော်လဲသိပါတယ် တစ်ခုခုဆို မယ်တော်နဲ့လာတိုင်ပင်တာပါပဲ မယ်တော် တစ်ချို့သတင်းတွေနားယောင်ပြီး စိတ်ပူမိသွားတယ် "

" ဘာသတင်းတွေကြားလို့လဲ မယ်တော် "

" သားတော်ရဲ့ကြင်ယာတော်ကို ဖွက်ထားတယ်တို့ ဘာတို့လေ မယ်တော်လဲ ထင်ပါတယ် အဲ့တာက အတင်းအဖျင်းတွေပဲလို့ မယ်တော်က သားတော်ကို ယုံကြည်ပြီးသား ဟုတ်ပြီလား "

" ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် မယ်တော် သားတော် ပြန်ပြီးအနားယူလိုက်ပါအုံးမယ် "

" ကောင်းပြီကောင်းပြီ မယ်တော် ခဏနေ မုန့်တစ်ချို့လုပ်ပြီးရင် လာပို့ပေးလိုက်မယ်နော် "

" မယ်တော် လာမပို့ပါနဲ့ ပင်ပန်းနေပါမယ် သားတော်ပဲ လာခဲ့ပါမယ် "

" သိတက်လိုက်တဲ့ ကလေးကွယ် ကဲကဲ သွားတော့သွားတော့ "

" ဟုတ်ကဲ့ မယ်တော် "

နဂါးဘုရင်လဲ မယ်တော်မိဖုရားကြီးနန်းဆောင်ကနေ ထွက်ခဲ့ကာ လျောင်ဖူအိမ်တော်ကို အပြေးသွားလေတော့သည်။ နဂါးဘုရင် သတိမထားမိလိုက်ခဲ့တာကတော့ နောက်ကနေ လူတစ်ယောက်လိုက်လာခဲ့တာကိုပါပဲ.....။

လျောင်ဖူအိမ်တော်မှာတော့ အိမ်တော်သခင်မကျိုးရဲ့နှင့် မားဝမ်ယွမ် တို့်ကတော့ အနေခက်နေလေတော့သည်။ အစပိုင်းကတော့ ဟန်ဆောင်ပြီးဇာတ်ကပြထားတာမို့ ဘာမှမဖြစ်ပေမယ့် အခု ကောင်းကင်မင်းကြီးကပါ အတည်ထင်နေတာကြောင့် နေရထိုင်ရကြပ်နေလေတော့သည်။

ထိုအခြေအနေကို ကြင်ယာတော်လဲ ရိပ်မိနေလေသည်။

" ညီမလေးကျိူးရဲ့ "

ကြင်ယာတော်က နာမည်အပြည့်အစုံနဲ့ခေါ်လာတာမို့ အိမ်တော်သခင်မ ကျိုးရဲ့လဲ လန့်သွားလေတော့သည်။

The Mistake of a Dragon 🐉Where stories live. Discover now