Unicode
ကြင်ယာတော်ကျန်းကျယ်ဟန်လဲ ဟိုဝင်လိုက်ဒီထွက်လိုက်လုပ်ရင်း မသိလိုက်ခင်မှာပင် လျောင်ဖူအိမ်တော်ကို ရောက်ရှိသွားလေတော့သည်။ အိမ်တော်ထဲကိုဝင်ဝင်ချင်း နဂါးဘုရင်ကုန်းကျွင်းနှင့်မားဝမ်ယွမ်တို့မှာ ကျိုးရဲ့အကြောင်းကိုမေးကြလေသည်။ထိုအခါမှကြင်ယာတော်လဲစိုးရိမ်လာကာ အလောတကြီးပြောလာတော့သည်။
" အရှင်ရောက်နေတာအတော်ပဲ ညီမလေးက ပန်းခြံထဲမှာ နတ်ဆိုးတွေနဲ့ကျန်ခဲ့တယ် ကယ်ပေးပါအုံး လမ်းမှာ လူတစ်ယောက်နဲ့တွေ့လာလို့ အတွေးများနေတာနဲ့ ဒီကိစ္စကိုမေ့သွားမိတယ် တောင်းဆိုပါတယ်အရှင် ညီမလေးကိုကယ်ပေးပါ"
ရုတ်တရက်ကြီး အသုံးအနှုန်းအပြုအမူတွေကပြောင်းလဲလာတာကြောင့် နဂါးဘုရင်လန့်နေမိသည် ပြီးတော့ လူတစ်ယောက်ကိုလဲတွေ့လာတယ်ဆိုတော့မဟုတ်မှလွဲရော..?
" အရှင်တောင်းပန်ပါတယ် ညီမလေးကိုကယ်ပေးပါ"
" အာအာ ကောင်းပြီ မားဝမ်ယွမ် မင်း ကျိူးရဲ့ကိုရှာလာခဲ့"
" ဟုတ်ကဲ့ပါ အရှင်"
" အကို ဒီမှာထိုင်ပါအုံး ကျွန်တော်ရေသောက်ဖို့ငှဲ့ပေးမယ် "
" ကျေးဇူးပါ အရှင် "
"အာ..အရှင်? ဆိုတာ "
" သြော် အဲ့တာကဒီလိုပါ ခုနကလမ်းလျှောက်လာရင်းစဥ်းစားမိသွားလို့ခေါ်မိလိုက်တာပါ ၊ အရှင်က ကျွန်တော်တို့မောင်နှမနှစ်ယောက်လုံးရဲ့ကျေးဇူးရှင်ဆိုတော့...."
" မဟုတ်တာ ကျေးဇူးရှင်ဆိုပြီး အဲ့လိုအသုံးအနှုန်းတွေမသုံးလဲရပါတယ် ဒါကရေစက်ပါလို့ဆုံကြတာပါပဲ ၊ ပြီးတော့ အဲ့လိုအသုံးအနှုန်းတွေနဲ့ဆိုတော့ နေရခက်လို့ပါ ခါတိုင်းလိုပဲ အကိုနဲ့ညီလေးဆိုတဲ့အသုံးအနှုန်းလေးကအဆင်ပြေပါတယ် "
" ဒါဆိုလဲကောင်းပါပြီ ကျေးဇူးတင်ပါတယ် "
" အရင်ကလဲပြောခဲ့ပြီးပါပြီ ကျွန်တော်တို့နှစ်ယောက်ကြားမှာကျေးဇူးတင်ဖို့မလိုပါဘူးလို့ ကျွန်တော်တို့ကအရင်နှီးဆုံးလူတွေမဟုတ်လား အကို?"