Part 5 🐉

404 66 11
                                    

Unicode

မနေ့က ကောင်းကင်မိဖုရား ပြန်ရောက်လာတာကို ကြိုဆိုသည့်အခမ်းအနားမှာ နဂါးဘုရင်မလာရတဲ့ အကြောင်းအရင်းကို ကောင်းကင်မင်းကြီးက သိပေမယ့် မယုံသက်ာဖြစ်နေလေသည်။ ဒါကြောင့် လူယုံတော် လွှတ်ကာ စုံစမ်းခိုင်းထားတော့သည်။

နဂါးဘုရင်လဲ ကြင်ယာတော် အနားယူတဲ့အချိန်မှ နဂါးရေကန်ကို ပြန်လာခဲ့လေသည်။ ဒါပေမယ့် သူဒီနေရာမှာ ကြာကြာနေလို့မရတော့ချေ။ ကြင်ယာတော် နိုးထလာတာကြောင့် နှစ်ယောက်သားဝေးနေလို့မဖြစ်ပါ၊ နတ်ပြည်နဲ့ လျောင်ဖူအိမ်တော်က နတ်တွေအနေနဲ့ဆို မဝေးဘူးလို့ထင်နိုင်ပေမယ့် တကယ်တော့ မိုင်ပေါင်းသောင်းချီဝေးလှပေသည်။

" အရှင် ဒီကိစ္စကို ဘယ်လိုလုပ်ခိုင်းဖို့ စီစဥ်ထားပါသလဲ "

" ဘာကိစ္စလဲ? "

နဂါးဘုရင်လဲ ရေစိမ်နေရင်း မသိချင်ယောင်ဆောင်ကာ မားဝမ်ယွမ် ကို ပြန်မေးလိုက်လေသည်။

" ကြင်ယာတော်နိုးလာတော့ နီးကပ်အောင်ဘယ်လိုနေမလဲဆိုတာကို ပြောတာပါ အရှင် "

" သြော် အဲ့တာလား နဂါးအိမ်တော်ကို လျောင်ဖူအိမ်တော်ရဲ့ဘေးကို ရွေ့လိုက်လေ "

" ဟုတ်ကဲ့ပါ အရှင် "

မားဝမ်ယွမ် လဲ ပြောသည့်အတိုင်းနားထောင်ပြီးလုပ်မည့်အလုပ် တစ်ခုခုကို သတိရသွားဟန်ပေါ်ကာ ပြန်ပြောလာလေသည်။

" ဟို..ဟို မဟုတ်သေးဘူးလေအရှင် ကောင်းကင်ဘုံကနေ ချက်ချင်းကြီး နဂါးအိမ်တော်က ပျောက်သွားတော့ အကုန်လုံးက သံသယတွေဖြစ်သွားမှာပေါ့ အရှင် ဒီအစီအစဥ်က မသင့်တော်ပါဘူး "

" အေး သိရင်ပြီးတာပဲ ငါကိုယ်တော်လဲ စဥ်းစားမရသေးလို့ ဒီတိုင်းနေနေတာကို မင်းက ခဏခဏလာမေးနေလို့ အဲ့အတိုင်းဖြေလိုက်တာ!"

ထိုအခါမှ မားဝမ်ယွမ် လဲ သဘော ပေါက်ကာ ပါးစပ်ပိတ်နေလေတော့သည်၊ ဒါပေမယ့် ခဏအကြာမှာပဲ အသံပြန်ထွက်လာလေတော့သည်။

" အရှင်! ကြင်ယာတော်ကို ကောင်းကင်ဘုံမှာပဲ ခေါ်ပြီး ဝှက်ထားလိုက်ရင်ရော?  "

The Mistake of a Dragon 🐉Where stories live. Discover now