Unicode
မနေ့ကတစ်နေ့လုံး ကြင်ယာတော် နိုးမလာချေ။ နဂါးဘုရင် အစွမ်းကုန်ကြိုးစားပြီးကုပေးနေပေမယ့် ဘယ်လိုမှ မထိရောက်ချေ။ အိမ်တော်သခင်မ ကျိုးရဲ့ကလဲ ဘယ်လိုလုပ်ပေးလို့ပေးရမှန်းမသိတာကြောင့် ရပ်ကြည့်နေမိလေသည်။ ထိုအချိန် မားဝမ်ယွမ် က အလောတကြီး ပြေးဝင်လာလေတော့သည်။
" အရှင်... မကောင်းတော့ဘူး! အိမ်တော်ရှေ့မှာ ကြာပန်းတွေ အများကြီးပွင့်လာနေပါတယ်! "
" ဘာ!! "
နဂါးဘုရင်နဲ့ကျိုးရဲ့လဲ ကြားကြားချင်း အမြန်အပြင်ထွက်ကြည့်ကြလေတော့သည်။
" ဒီကြာပန်းတွေက ဘယ်လိုလုပ်ရောက်လာတာလဲ!"
" အရှင် ကျွန်တော်မျိုးတောင်းပန်ပါတယ် မနေ့က ကြာဖူးကို ယူလာခဲ့မိပါတယ် ပြီးတော့ မနေ့က ဟန်ဆောင်ရင်း လျောင်ဖူအိမ်တော်သခင်မကို ပေးလိုက်မိပါတယ် "
" အရှင် ကျွန်တော်မျိုးမလဲ သတိလက်လွတ်ဖြစ်ပြီး ကြာဖူးကို အိမ်တော်ရှေ့မှာ ထားခဲ့မိပါတယ် အပြစ်ကြီးလုပ်မိပါတယ် အရှင် "
" အခုမှတောင်းပန်နေတော့ ဘာလုပ်လို့ရမှာလဲ! ကြာပန်းတွေကို ထပ်ပွင့်မလာအောင်လုပ်ကြ "
" ဟုတ်ကဲ့ "
"ဟုတ်ကဲ့ "သုံးယောက်လုံး ကြာပန်းတွေကို ဝိုင်းပြီးတားဆီးနေကြရင်း အိမ်တော်ထဲကနေ အလင်းရောင်တန်းကြီး တစ်ခုထွက်လာလေတော့သည်။
" မကောင်းတော့ဘူး!! " နဂါးဘုရင်လဲ အိမ်တော်ထဲကို အမြန်ပြေးဝင်ကာ ကြင်ယာတော်ဆီကို သွားလေတော့သည်။
အခန်းထဲကိုဝင်ဝင်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နဂါးဘုရင် စိတ်ပူသွားရလေသည်။
မျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က ကြင်ယာတော်ရဲ့အနောက်ဘက်ကနေ အစွမ်းတစ်ခုခုကို သွင်းပေးနေပုံရလေသည်။ နဂါးဘုရင် အမြန်ပေးသွားလိုက်ကာ ဖမ်းမည်အလုပ် မြူမှုန်တစ်မှုန်လေးမှမကျန်အောင် ပျောက်သွားလေတော့သည်။ကြင်ယာတော်လဲ ထိုင်နေရင်းကနေ လဲကျသွားမလို့ဖြစ်တာကြောင့် အမြန်ပြေးပြီး နဂါးဘုရင်၏ ပုခုံးပေါ်မှီခိုင်းထားလေတော့သည်။ ခဏကြာတော့ မားဝမ်ယွမ် နဲ့ ကျိုးရဲ့လဲ ပြေးဝင်လာလေတော့သည်။
YOU ARE READING
The Mistake of a Dragon 🐉
Fiksi Penggemarနဂါးဘုရင်နှင့် သူ၏ လွဲမှားနေသော ကြင်ယာတော် ။