Unicode
လေပြေအေးအေးလေးက မျက်နှာပြင်ပေါ်သို့ မသိမသာရိုက်ခတ်နေလေသည်၊ မနက်ခင်းကို နိုးထလိုက်ရသည်နှင့်တစ်ပြိုက်နက် တင်ပြလာမည့် အစီအရင်ခံစာတွေနဲ့ အထက်နတ်အရာရှိတွေရဲ့ အမိန့်တွေကို နာခံရမယ်၊ထုတ်ပြန်ရမယ့် အစရှိသည့် အလုပ်များကို လုပ်ကိုင်ရလေမည်။
" အရှင် ထဖို့ အချိန်ရောက်ပါပြီ "
" ကောင်းပြီ " စကားဆုံးသည်နှင့် တစ်ပြိုက်နက် အချွေအရံတွေအားလုံးက ခြေလက်သန့်စင်ပေးဖို့ အသီးသီးလုပ်ကြရတော့သည်။
" မင်းမှာ တစ်ခုခုပြောစရာရှိနေတာလား "
" ဟုတ်ပါတယ် "
" ပြော "
" ကောင်းကင်မင်းကြီးက မနက်စောစောကပဲ အမိန့်တစ်ခု ချမှတ်လိုက်ပါတယ် ၊
သို့ နဂါးဘုရင် ကုန်းကျွင်း,
စင်စစ်လှသည့်နဂါးမျိုးနွယ်ဆိုတာ နဂါးဘုရင် ကလွဲပြီး ဘယ်သူမှမရှိကြတော့ပါဘူး ၊ ကိုယ်တော် အခုပြောချင်တာကတော့ ကြင်ယာတော်ကို ယူသင့်နေပြီ ဒါမှ မျိုးဆက်တွေကို ချန်ထားနိုင်ခဲ့ပြီး ကျန်တဲ့ မြွေနဂါးမျိုးရိုးကို စောင့်ရှောက်ကာကွယ်နိုင်မယ်။ ကိုယ့်မျိုးနွယ်အတွက် စဥ်းစားပါ နဂါးဘုရင်။ "ဒီစာကို ဖတ်ပြသူမှာ နဂါးဘုရင်၏ လက်ထောက်ဖြစ်သူ မြွေနဂါးမျိုးနွယ် မားဝမ်ယွမ်ဖြစ်ပေသည်။ မားဝမ်ယွမ်သည် နဂါးမျိုးရိုး စင်စစ်မဟုတ်ပေမယ့် ဉာဏ်ကောင်းပြီးတော်လှသူဖြစ်သည်၊ နဂါးဘုရင်ရဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်လဲ ဖြစ်လေသည်။
" အရှင် ဒီကိစ္စကို ဘယ်လိုထင်မြင်ပါသလဲ "
" ကြင်ယာတော်ကို ငါကိုယ်တိုင် ဖန်တီးမယ် 'သန့်စင်ခြင်း ရေကန် သွားမယ် "
" အရှင်... အဲ့လောက်ထိ လိုလို့လား"
မားဝမ်ယွမ် တစ်ယောက်ပြောလို့ မပြီးသေးခင်မှာတင် ရှေ့ကနေ လစ်ကနဲ အစွမ်းသုံးပြီးပျောက်သွားတဲ့ နဂါးဘုရင်နောက်ကို အမြန်လိုက်ရပြန်သည်။
' သန့်စင်ခြင်း ရေကန် ' ဆိုသည်မှာ ကိုယ့် ကြင်ယာတော်အတွက် ကိုယ်တိုင်ဖန်တီးရပြီး ထိုကြင်ယာတော်နှင့်ပင် ကောင်းအတူဆိုးအတူ ကိစ္စတွေကိုရင်ဆိုင်ရပြီး ဘဝဆက်တိုင်း ထိုကြင်ယာတော်နှင့်ပင် လက်ဆက်ရလေသည်။ ဒါ့အပြင် ထိုကြင်ယာတော်နှင့် မိုင်ပေါင်းထောင်ချီဝေးအောင်နေလို့မရပေ ၊ သုံးရက်လောက် အကြာကြီးဝေးနေပြီဆိုပါက အမည်မသိနိုင်တဲ့ ဝေဒနာကို ကြင်ယာတော်က မခံနိုင်အောင် ခံစားရနိုင်ပါသည်။