Part 8 🐉

325 55 9
                                    

Unicode

နဂါးဘုရင်လဲ သတိလွတ်စွာနဲ့ပင် ကြင်ယာတော်၏နှုတ်ခမ်းသားနုနုလေးမှာ နစ်မျောမိနေလေသည်။ ကြင်ယာတော်လဲ ကြောင်နေမိရုံသာမက စိတ်ထဲတွင်လဲ ရင်းနှီးသယောင်ယောင်ခံစားနေရလေသည်၊ ' ဒါက အိမ်မက်ထဲကလိုခံစားချက်မျိုးပဲ မဟုတ်မှလွဲရော အိမ်မက်ထဲရောက်နေတာလား? ´

ခဏအကြာမှာတော့ ထူးဆန်းစွာမွှေးကြိုင်လှသည့်အမွှေးရနံ့တစ်ခုကို လေးယောက်လုံးခံစားမိလာလေသည်။ နဂါးဘုရင်လ​​​ဲ ထိုရန့ံကုိ ရရချင်း သတိဝင်လာကာ နမ်းရှိုက်နေရာကနေ အမြန်ခွာလိုက်လေတော့သည်။

" အိုင်းယား ဒီ..ဒီ..ဒီအနံက! "

" ကြာပန်းအနံ့ပဲ.. မဟုတ်မှလွဲရော.."

" မဟုတ်မှလွဲရောမလုပ်နဲ့တကယ်လွဲနေတာ မြန်မြန် အနံ့တွေမပျံသွားအောင် လုပ်တော့လေ "

" အာအာ ဟုတ်တယ် ဟုတ်တယ် "

အိမ်တော်သခင်မကျိုးရဲ့နှင့် မားဝမ်ယွမ် တို့မှာ သူတို့အရှင်ပြသာနာရှာထားသည့်နောက်ဆက်တွဲဟာကိုဖြေရှင်းနေရပါတော့တယ်။

" ဒီ အနံ့က ဘာလို့ တအားနီးကပ်နေသလိုမျိုးဖြစ်နေရတာလဲ?"

" အစ်ကိုအေးဆေးနားနေတော့လေ ကျွန်တော်သွားကြည့်လိုက်ပါအုံးမယ် စိတ်ချပါ "

" အင်း...ကောင်းပြီ ဒါနဲ့ ခုနက "

" ကောင်းကောင်းနာနေခဲ့တော့နော် အစ်ကို မနက်ကျမှဆက်ပြောကြတာပေါ့ "

နဂါးဘုရင်လဲ ကြင်ယာတော်အနားမှာ ဆက်နေချင်ပေမယ့်လဲ ကြာပန်းအနံ့တွေထွက်လာတာကြောင့်မဖြစ်တော့ချေ။ တကယ်လို့ သူတို့နှစ်ယောက်ဒီထက်ပိုပြီး ခံစားချက်တွေ ပိုပြင်းထန်လာခဲ့ရင် ကြင်ယာတော်ရဲ့အစွမ်းတစ်ချို့နိုးထလာမှာစိုးရပါတယ်။

" အရှင် ကြာပန်းအနံ့တွေကို တစ်ခြားသူတွေမရလိုက်ကြဖို့မျှော်လင့်ပါတယ် "

မားဝမ်ယွမ်က စကားစလာတာကြောင့် ကျိုးရဲ့လဲ ဝင်ပြောပါလေတော့သည်။

" ဟုတ်တယ်အရှင် အရှင်ကလေ တအားမဆင်မခြင်တွေလုပ်တာပဲ "

" ငါ ..ငါကိုယ်တော်က မဆင်မခြင်လုပ်တယ်? "

The Mistake of a Dragon 🐉Where stories live. Discover now