Unicode
ဒီနေ့နဲ့ဆို နဂါးဘုရင် လျောင်ဖူအိမ်တော်ကိုမလာတာ နှစ်ရက်ရှိလေပေပြီ။ ဒီနေ့မနက်နိုးလာတော့ အကြောင်းအရင်းကိုသိချင်တာကြောင့် ကျိုးရဲ့ကိုလိုက်ရှာနေပေမယ့် အိမ်တော်ကအရင်ကထက်ပိုကျယ်သလိုခံစားလာရကာ ဒီနေရာမှာပဲ တစ်ပတ်လည်နေတာကို သိလာတော့သည်။
တကယ်တော့ ဒီနေ့က လူ့ပြည်မှာပွဲတော်တစ်ခုရှိတာကြောင့် နတ်မင်းတွေတစ်ချို့ကဆင်းကြမှာဖြစ်ပြီး လျောင်ဖူအိမ်တော်သခင်မကျိုးရဲ့ရဲ့ထောက်ခံချက် တံဆိပ်ကို လာတောင်းကြမှာဖြစ်သည်၊ ဒါကြောင့် အိမ်တော်သခင်မကျိုးရဲ့လဲ ကြင်ယာတော်ကိုအိမ်အပြင်ထွက်လာလို့မရအောင်လုပ်ထားလိုက်တော့သည်။
" လျောင်ဖူအိမ်တော်သခင်မက ပိုပိုပြီးကြည့်ကောင်းလာတာပဲ "
" မြှောက်လွန်းနေပါပြီ မီးနတ်မင်း ဟိုကျောက်တိုင်မှာ အမည်နဲ့စည်းကမ်းချက်တွေကိုလိုက်နာနိုင်ကြောင်းရေးပြီးရင် တံဆိပ်ပေးပါ့မယ် "
" ကောင်းပါပြီ "
လူ့ပြည်ကိုဆင်းမယ့်နတ်မင်းတွေများတာကြောင့် ပွဲတော်နေ့တွေဆို အိမ်တော်သခင်မကျိူးရဲ့ကတအား အာရုံစိုက်ရလေသည်။ တစ်ခုခုလွဲချော်သွားပါက လူပြည့်နှင့်နတ်ပြည်မှာပြသာနာတစ်ခုခုဖြစ်နိုင်တာကြောင့်ပင်။
" နတ်မင်းအတွက် ထောက်ခံချက်တံဆိပ်ပါ"
" ဒါက ရေနတ်မင်းအတွက်ပါ "
" မလောကြပါနဲ့ဖြေးဖြေးပါ အကုန်လုံးအတွက်ရစေရပါ့မယ် "
" ဒီကနတ်မင်းအတွက် ရပါပြီ "ဒီတစ်ခေါက် နတ်မင်းတွေကတအားများတာမို့ အိမ်တော်သခင်မကျိုးရဲ့လဲအလွန်ပင်ပန်းလှလေသည်။ ထိုစဥ် အိမ်တော်ထဲကနေ အသံတစ်ခုကြားလိုက်ရတာကြောင့်နတ်မင်းတွေက စိတ်ဝင်စားလာကြလေသည်။
" လျောင်ဖူအိမ်တော်သခင်မက တစ်ယောက်ထဲနေတာလို့ကြားဖူးပါတယ် အခုအိမ်ထဲမှာတစ်ခုခုများရှိနေတာများလား "
" နတ်ဆိုးများဝင်သွားတာလား? "
" ဟုတ်လောက်တယ် "" မဟုတ်ပါဘူးမဟုတ်ပါဘူး အာ..အဲ့ဒါက ကြောင်မွေးထားလို့ပါ ပြီးတော့ သူက နေသားမကျသေးတော့လျှောက်သွားနေတာနေမယ် "
YOU ARE READING
The Mistake of a Dragon 🐉
Fiksi Penggemarနဂါးဘုရင်နှင့် သူ၏ လွဲမှားနေသော ကြင်ယာတော် ။