Untitled

708 85 2
                                    


အချိန်ကား 2010 မပြည့်ခင်နှစ်ကာလ ဖြစ်၏။


ဂျုံအင်း တစ်ယောက် အထက်တန်းကျောင်းပန်းခြံထဲတွင် ထိုင်ရင်း ပန်းပင်များကို ငေးငိုင်ကြည့်နေမိခဲ့သည်။ သူ အကြောင်းမဲ့ ထိုင်နေခဲ့ခြင်းမဟုတ်ပေမဲ့ အချိန်တွေကတော့ အဓိပ္ပာယ်မဲ့စွာ ကုန်ဆုံးနေခဲ့ပေသည်။


ဂျုံအင်း လက်မှာပတ်ထားတဲ့ အမဲရောင်သရေကြိုးနဲ့ လက်ပတ်နာရီလေးအသစ်လေးကို ငုံ့ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိ၏။ ညနေ ခြောက်နာရီတောင်ကျော်နေပြီမို့ ချိန်းထားသည့်သူ မလာတော့မှာ သေချာသလောက်ရှ်ိသွားခဲ့ပြီ ဖြစ်သည်။


ဂျုံအင်း လွယ်အိတ်အနက်လေးထဲက အပြာရောင်စာရွက်လှလှလေး တစ်ရွက်နဲ့ အနက်ရောင်ပတ်ကားဖောင်တိန်လေးကို ထုတ်ကာ စာရွက်ပေါ်တွင် စာအချို့ကို ခပ်သော့သောရေးကာ လည်ပင်းမှ ရွှေဖြူဆွဲကြိုးလေးကို ချွတ်ကာထားခဲ့ပြီး ခုံတန်းပေါ်က ဇီဇဝါပန်းအိုးလေးကို ယူလာခဲ့လိုက်သည်။


ထို့နောက် ကျောင်းရှေ့တွင် အဆင်သင့်ရပ်စောင့်နေသော အနက်ရောင် ကားကြီးပါ်သို့ တက်ကာ ထွက်သွားလေတော့၏။



ယခု ၂၀၂၁ခုနှစ်ကာလ


"ဟုတ်ကဲ့ ဆူအာရေ မင်း ပြောပြသွားရဲ့ ဇာတ်လမ်းလေးက သိပ်ကို ချစ်ဖို့ကောင်းတာပါပဲ ကျွန်တော်လဲ သိပ်ကို အားကျတာပါပဲဗျာ...... ကျွန်တော် ဟိုးအရင် ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတယ်။ ဒါမဲ့ ကျွန်တော်ကတော့ ဆူအာ့လို ကံမကောင်းခဲ့ဘူး...အဲ့ဒီသူက ကျွန်တော်ချိန်းတဲ့ နေရာကို မလာခဲ့ဘူးလေ အဲ့တာကြောင့် ကျွန်တော်က သူ့ကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အခွင့်အရေးရှိသေးရင်တော့ တစ်ခေါက်လောက်တော့ တွေ့ချင်ပါသေးတယ်"


အသံသွင်းခန်းရဲ့ အပြင်က အချက်ပြတာကို လှမ်းကြည့်ရင်း သူ့စကားကို အဆုံးသတ်ဖို့ ပြင်လိုက်တော့သည်။


"ဘာပဲဖြစ်ဖြစ် ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး အရေးကြီးတာက ဆူအာ့လိုပဲ ချစ်ခင်ကြတဲ့သူတွေ အကုန်ဆုံဆည်းကြဖို့ပါပဲ။ ချစ်ခင်ကြတဲ့သူတွေအားလုံး ဆုံဆည်းနိုင်ကြဖို့ ဆုတောင်းပေးရင်နဲ့ပဲ ဒီ‌ရေဒီယို အစီအစဉ်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်နော်။ အားလုံးပဲ မင်္ဂလာရှိတဲ့ ညလေးဖြစ်ကြပါစေ။ ကျွန်တော်ကတော့ 'ပုံပြင်ဆန်သော အချစ်များ' ရေဒီယိုအစီအစဉ်ရဲ့ အစီအစဉ်မှူး ဂင်ဂျုံအင်ပဲ ဖြစ်ပါတယ်ခင်ဗျ။"

SeKai Fanfic Festival 2021Where stories live. Discover now