Unicode
အပူချိန်အနုတ်အောက်ရောက်နေသည့်အေးမြသော ဆောင်းညနေခင်းတစ်ခုမှာ ထိုအအေးဓာတ်ကို ဆန့်ကျင်လျက် နဖူးထက်မှာ ချွေးစတွေစို့နေသည့် လူငယ်နှစ်ဦး။ တစ်ယောက်ကိုတစ်ယောက် မျက်ခြေမပြတ် အကဲခတ်နေလျက် အသက်ရှူသံပင် မထွက်ရဲလောက်အောင် အာရုံစိုက်နေကြသည်။
စိတ်လှုပ်ရှားနေတဲ့ လူအုပ်ကြီးနဲ့အတူ ပင့်သက်ရှိုက်သံတွေက ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းလို့နေသည်။
" ဝှီး..."
အချက်ပေးခရာသံထွက်လာသည်နှင့် အဝါရောင်ဂျာစီကို ဝတ်ထားသည့် ကောင်လေးက ကိုယ်ဟန်ကို ပြင်ကာ သူ၏ ဘယ်ခြေကို မြှောက်လိုက်သည်။ လေပေါ်မှာ စက္ကန့်ပိုင်းမျှ မြောက်တက်သွားပြီးနောက် လိမ့်ကာလိမ့်ကာနှင့် ဂိုးပေါက်ဆီကို ဦးတည်သွားသည့် ဘောလုံး။ ဖမ်းဖို့အသင့်စောင့်နေသည့် တစ်ဖက်အသင်း၏ ဂိုးသမားက နေရာယူမှန်မှန်နှင့် ပုတ်ထုတ်ဖို့ကြိုးစားသော်လည်း လက်ဖျားလေးနဲ့သာထိလိုက်နိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားရ၏။
ထို့ကြောင့် ဘောလုံးက ဂိုးပေါက်၏ ညာဘက်ထောင့်စွန်းထဲကို အတိအကျဝင်ရောက်နေရာယူသွားတော့သည်နှင့် တစ်ပြိုင်နက် ထအော်ကြသည့် ပရိတ်သတ်များကြောင့် ကွင်းတစ်ခုလုံး အုံးအုံးထသွားရတော့သည်။
" ရေးးးး...ဂိုးပြီကွ!!!"
" ဓာတု ဓာတု ဓာတု!!"
" Kim Jongin! Kim Jongin! Kim Jongin!"
" Final ဒုံး ဒုံး ဒုံး!!"
ပွဲသိမ်းခရာမှုတ်အပြီးမှာတော့ Jongin ဆီကို အလုအယက်ပြေးလာကြသည့်် အသင်းဖော်များက သကြားလုံးဆီ စုပြုံလာသည့် ပုရွက်ဆိတ်တွေလိုပင်။
အသင်းဖော်တွေရဲ့ ဂုဏ်ပြုခြင်းကို ခံယူနေရင်းနဲ့ တစ်ကွင်းလုံးနီးပါးဆီမှ ထွက်လာသည့် အားပေးသံများကြောင့်် Jongin အပျော်တွေက ရပ်တန့်လို့မရနိုင်တော့။ သူ့နာမည်ကို အော်ရင်း အာခေါင်ကွဲမတတ် အားပေးနေကြတာမို့ ပွဲကြည့်စင်ပေါ်ကို တစ်ချက်ဝေ့ကြည့်ရင်း လက်လှမ်းပြလိုက်သေးသည်။ အများစုကတော့ ကောင်မလေးတွေသာဖြစ်ကြ၏။
YOU ARE READING
SeKai Fanfic Festival 2021
Fanfiction94sProject_2021 by SeKai Myanmar Fanpage For Myanmar Sekaists Have a special 94s Day September 4, 2021