Stay In Our Memory
အချစ်ကို တွေ့ချိန်တွင် လူတွေ ဘယ်လိုခံစားရတတ်သလဲ။
သန်းပေါင်းများစွာသော လူတွေထဲမှာ ဒ်ီလူက ကိုယ့်အချစ်ဆိုတာ ဘယ်လိုသိနိုင်လိမ့်မလဲ။
ပန်းပွင့်ဖတ်လေးတွေ လွင့်လာသလိုမျိုး ထူးခြားတဲ့ တစ်စုံတစ်ရာကို ခံစားရမယ်လို့ သူ မထင်ခဲ့တာတော့ သေချာပါသည်။
သူက အလွန်ရိုးစင်းစွာဖြင့် အဲဒီနေ့ကို မှတ်မိနေရုံသာ။
××××××××××××
jongin အထက်တန်း နောက်ဆုံးနှစ်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီး ဖြေတော့မည်မို့ လူငယ်တိုင်း၏အနာဂါတ်သည် ထိုရလဒ်အပေါ်မူတည်နေချိန်။ဖွံ့ဖြိုးမှုရပ်နေသော မထင်မရှားမြို့ငယ်လေးသည် နေခြည်နွေးနွေးအောက်တွင် ပျင်းရိစွာ မလှုပ်မယှက် အိပ်စက်နေခဲ့သည်။
jongin က ပြီးခဲ့တဲ့နွေဦးမှာ အသက် ၂၀ ပြည့်ခဲ့ပြီး၊ သူက နွေးထွေးတက်ကြွသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူ့အညိုရောင်မျက်ဝန်းများက အမြဲတစေ ကြင်နာမှုများဖြင့် ပြည့်နေပြီး၊ သူ့အပြုံးရေးရေးက စိတ်လုံခြုံမှုကို ပေးနေသလို လင်းလက်နေတတ်သည်။
ပျင်းရိဖွယ် မနက်ခင်းအသစ်များတွင် သူက သံစဉ်တစ်ပုဒ်ကို တိုးတိုးညည်းရင်း ဖြည်းဖြည်းမှန်မှန်နှင့် ကျောင်းသို့ စက်ဘီးဖြင့်သွားတတ်သည်။ သူ့အိမ်က မြို့စွန်ဘက်ကျတာမို့ ကျောင်းနှင့် ဝေးသလိုထင်ရသော်လည်း jongin က ဘတ်စ်မစီးဘဲ စက်ဘီးစီးရတာ ပျော်ပါသည်။
စာမေးပွဲနီးပြီဖြစ်သောကြောင့် ကျောင်းက အရင်လောက်မဆူညံနိုင်တော့ဘဲ စာရွက်တွေသာ ပလူပျံနေသည်။ jongin နဲ့ Baekhyun လည်း အတန်းထဲတွင် စာအုပ်များစွာနဲ့ အလုပ်ရှုပ်နေသည်။
"ငါ လုပ်နိုင်ပါ့မလားတောင် သံသယဖြစ်လာပြီ"
Baekhyun က အနည်းငယ်တော့ ပင်ပန်းဟန်ပေါ်နေခဲ့သည်။ jongin က သူ့သူငယ်ချင်းပုခုံးကို ဖျစ်ညှစ်ပြီး အားပေးလိုက်သည်။
"မင်း ဘယ်တုန်းက ကျရှုံးခဲ့လို့လဲ... ဒီတစ်ခါလည်း မင်းလိုချင်တဲ့ တက္ကသိုလ် ရမှာပါ"
YOU ARE READING
SeKai Fanfic Festival 2021
Fanfic94sProject_2021 by SeKai Myanmar Fanpage For Myanmar Sekaists Have a special 94s Day September 4, 2021