The Star I Belong

674 67 3
                                    


                   The Star I Belong

ဒီနေ့magazine shootingတစ်ခုထဲရှိတာကြောင့် ဒါပြီးရင်အားပြီ
သဘက်ခါကျလည်းနားရက်ရလို့ ညကျ ဟိုကောင်တွေနဲ့gameဆော့ဖို့ချိန်းပြီးတာနဲ့ အိပ်ပြီပဲ

ကျနော်Kim JongInရဲ့ဘဝမှာအရေးကြီးဆုံးက အိပ်ဖို့နဲ့စားဖို့ပဲ........အခုတော့အိပ်လိုက်အုံးမယ်
အိပ်ယာနိုးမှ ဟိုကောင်တွေဆီသွားတော့မယ်...

SKJ Entertainment

Soulမြို့ရဲ့ အကောင်းဆုံးGame company 3ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး
အကောင်းဆုံးgameတွေကိုဖန်တီးပေးနိုင်သလို
အကောင်းဆုံး professional gamerတွေကိုလည်းမွေးထုတ်ပေးနိုင်တဲ့ Companyတစ်ခုဖြစ်သည်

CompanyကRavi , Taemin , Monkyuနဲ့ကျနော်တို့ 4ယောက်ပေါင်းပြီ တည်ထောင်တယ်ဆိုပေမယ့် companyနဲ့ပက်သက်တဲ့အလုပ်တစ်ခုမှမလုပ်ရဘူး။အကုန်ဟိုကောင်တွေပဲလုပ်တာ
ကျနော်ကတော့အလုပ်က ရသမျှပိုက်ဆံအိတ်ထဲထည့်ရုံပဲ။တစ်ခါတစ်လေတော့လည်း promotionဆင်းပေးရတာပေါ့
အသစ်ထွက်သမျှgameတိုင်းကိုလည်း ဆော့ရသေးတယ် ဘယ်လောက်ကောင်းလိုက်တဲ့ဘဝလဲ

နောက်ရက်အားပြီမို့လို့ဟိုကောင်နဲ့gameသွားဆော့လိုက်အုံးမယ်

Companyရောက်ပြီး CEO 4ယောက်အတွက် သီးသန့်လုပ်ပေးထားတဲ့game roomကိုဝင်ဝင်ချင်း gameဆော့နေတဲ့၄ယောက်ကိုမြင်လိုက်ရတာကြောင့် ခဏကြောင်အသွားသည်။
အခန်းများမှားဝင်မိလား ပြန်ကြည့်မိတော့လည်း အခန်းမမှား လူလည်းမှန်သည်Ravi, Taemin,Monkyi မမှန်တာကသူ့နေရာမှာထိုင်ဆော့နေတဲ့ကောင်လေး
တစ်ခါမှလည်းမမြင်ဖူးဘူး.....

သူဝင်လာတာမြင်တော့Raviက"အကြောင်းလည်းမကြားဘူး ရုတ်တရက်ကြီးရောက်လာပြန်ပြီ ခနစောင့်အုံးပြီးတော့မယ်"

အကြောင်းမကြားဘဲ ရောက်လာမိတော့လည်းကိုယ့်အပြစ်နဲ့ကိုယ်မို့လို့ ပါးစပ်လေးပိတ်ပြီး Taeminဘေးနားဝင်ထိုင်ရင်း သူတို့gameဆော့တာကိုကြည့်နေလိုက်သည်။ကိုယ့် companyကိုယ်လာတာတောင်အကြောင်းကြားရအုံးမှာလား

15မိနစ်လောက်ဒီကောင်တွေဆော့တာထိုင်ကြည့်လိုက်ရသည် gameဆော့ဖို့လာတာပါဆိုမှ
အိမ်မှာလည်းPCရှိပေမယ့် သူငယ်ချင်းတွေနဲ့အတူထိုင်ပြီးဆော့ရတာအကောင်းဆုံးပဲလို့ထင်တယ်

SeKai Fanfic Festival 2021Where stories live. Discover now