Capture Your Heart

751 81 3
                                    

Baby, you light up my world like nobody else ~

The way that you flip your hair gets me overwhelmed ~

But when you smile at the ground, it ain't hard to tell ~

အနီရောင် အမိုးပွင့်ကားလေးက ကားလမ်းမထက်မှာ အရှိန်အမှန်မှန်နှင့်ပြေးနေသည်။ What makes you beautiful ဆိုတဲ့သီချင်းကို မတ်တပ်ရပ်ကာ အပီအပြင်လိုက်ဆိုနေတဲ့ ကောင်လေးတစ်ယောက်ကို ဘေးကနေပြုံးပြီး နားထောင်နေတဲ့သူလည်းရှိသည်။ လေတိုးနေတာကြောင့် ကောင်လေးရဲ့ မီးခိုးရောင်မကျ ရွှေအိုရောင်မကျတဲ့ ဆံပင်တွေက လှလှပပလေးလွင့်နေသည်။

You don't know ~ oh oh
You don't know you're beautiful ~

"မောသွားပြီလား"

သီချင်းဆိုတာရပ်ပြီး ထိုင်ကာ ခါးပတ်ပတ်လိုက်တာကြောင့် မေးတော့ ရှုံ့မဲ့နေတဲ့ မျက်နှာနှင့် ဖြေရှာသည်။

"ပါးစပ်ထဲ လေတွေဝင်ကုန်ပြီလားမသိဘူး Sehun"

"ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးထိုင်နေ"

"ပြန်ထုတ်ပေးလေ"

"ကိုယ် ကားမောင်းနေတယ်လေကွာ"

Jongin ရယ်လိုက်ပြီးသီချင်းကို repeat ထပ်လုပ်ကာ ပြန်နားထောင်ဖို့ ပြင်လိုက်သည်။ ခုနက Jongin ချည်း အော်ဆိုသွားတာကြောင့် အခုတော့ သီချင်းလေးအတိုင်း ပြန်ခံစားကြည့်ချင်သည်။

"ဒီသီချင်းကို ဘယ်သူ့ကြောင့် ကြိုက်သွားတာလဲသိလား"

"အင်း .. သိပ်သိတာပေါ့"

Jongin ကို လိုက်ခဲ့ရတုန်းက ဂစ်တာလေးနဲ့ ဒီသီချင်းကို ဆိုပြခဲ့ဖူးသည်။ ဖုန်းထဲကနေမို့ မမြင်ရတာကို အခွင့်ကောင်းယူပြီး အိပ်ပျော်သွားလို့ဆိုကာ ထပ်ခါထပ်ခါဆိုခိုင်းခဲ့သည်ပဲ။ Sehun ကလည်း တစ်ချက်မငြင်းခဲ့။

"Sehun .. ကြည့်ပါဦး အရမ်းလှတာပဲ"

ပိုဟန်မှာရှိတဲ့ ရှုခင်းတွေက အဝေးကြီးကားမောင်းလာရတဲ့သူကိုတောင် လန်းဆန်းသွားအောင် ထွေးပွေ့ဆီးကြိုသည်။ ဆိပ်ကမ်းမြို့ဖြစ်တာကြောင့် ရေတွေပတ်လည်ဝိုင်းနေသည်။ ရေထဲကနေ ထိုးထွက်လာသယောင်ရှိတဲ့ လက်ပုံရုပ်ထုကလည်း အလွန်နာမည်ကြီးသည်။

"ဟိုမီ‌ဂေါ့မှာ ကိုရီးယားရဲ့ပထမဆုံး နေထွက်ချိန်ကို မြင်ရတယ်တဲ့ .. မနက်စောစောထဖို့ပြင်"

SeKai Fanfic Festival 2021Where stories live. Discover now