လူတစ်ယောက်ကို ချစ်မြတ်နိုးဖို့ ကျွန်မတို့မှာ အကြောင်းပြချက်တွေလိုလိမ့်မယ်လို့တော့မထင်ပါ...
" မူ ဝန်ခံပါသည်...သမီးငယ်အား..မူ ချစ်မိနေချေပြီ.. "
မူ သမီးငယ်အား ချစ်မိဖို့ အချိန်တွေအများကြီးမလိုခဲ့ပါ...တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ် အချစ်ဆိုတာ အရမ်းထူးဆန်းလွန်းလှပေတယ်...
ရေပြင်တစ်ခုလိုလှိုင်းဂဟက်တွေမရှိ တည်ငြိမ်နေတဲ့ ကျွန်မနှလုံးအိမ်ထဲကို ကျောက်ခဲလေးတစ်လုံးမျှသာ သေးငယ်တဲ့ သမီးငယ် ဝင်ရောက်လာပြီး ကျွန်မရင်ခုန်သံတွေကိုနှိုးဆွပေးခဲ့တယ်....ချစ်မိသွားဖို့အချိန်တွေအများကြီးမလိုခဲ့ပါပဲ...နှလုံးခုန်သံတစ်ချက် တစ်ချက်စီတို့ဖြင့် ချစ်နေမိကြောင်းသဲကွဲခဲ့တယ်...ကျွန်မ အရွယ်က အချစ်အတွက် ရူးမိုက်နေရမဲ့အရွယ်မဟုတ်သည့်တိုင် သမီးငယ်၏အချစ်တို့ကိုလည်းငြင်းဆန်၍ အချစ်ကိုလျစ်လျှူရှုဖို့လည်း ခွန်အားတို့မရှိလှပါ.....
ကျွန်မလည်း အချစ်ခံဖို့ထိုက်တန်သည်မလား..."အန်တီ...ဟိတ်...အန်တီလို့..."ပန်း မူ့ရဲ့မျက်နှာလေးရှေ့ လက်ကလေးနဲ့ ယမ်းကာခေါ်နေလေသည်...
"ဟင်..."
"ဘာတွေအဲ့လောက်တွေးနေတာလည်း.. ခေါ်နေတာကြာလှပေါ့ဟာ.."ပန်း မူ့ရဲ့ ပေါင်လေးကိုခေါင်းအုံးလျှက် မူ့ မျက်နှာလေးကို မော့ကြည့်နေလေသည်...
မူ သည်ပင် ပေါင်ပေါ်ခေါင်းလေးအုံးနေတဲ့ ပန်းရဲ့ဆံနွယ်တို့ကိုပွတ်သပ်ရင်း အတွေးလွန်နေမိသည်...."အော်...ဘာမှမဟုတ်ပါဘူး..ဒီတိုင်းအတွေးလွန်နေတာ..."
"ဘာတွေအဲ့လောက်အတွေးလွန်နေတာလည်း.. "
"အတွေးဆိုတာထိန်းချုပ်ဖို့ခက်တဲ့စိတ်ရဲ့ ကစားစရာလေးလေ...ဘာတွေတွေးမိမှန်းမသိပါဘူး..."အမှန်တော့ မူ့စိတ်ထဲမှာ ပန်းအကြောင်းသာ တွေးမိနေခြင်းဖြစ်သည်...
"မသိပါဘူး...စကားပြောနေရင်း အသံတိတ်သွားလို့ ထိုင်ရက်များအိပ်ပျော်သွားသလားလို့ပါ.. "
ပန်း မူ့ရဲ့ မေးလေးအား လက်ကလေးဖြင့်စမ်းကာ ပြောလိုက်လေသည်..."ထိုင်ရက်တော့အိပ်မပျော်ပါဘူးနော်.. "မူကတော့ ပန်းရဲ့ဆံနွယ်လေးတွေကိုထိုးဖွလို့ပင် နေလေသည်.
YOU ARE READING
လွမ်းရပါတယ်သမီးငယ် // လြမ္းရပါတယ္သမီးငယ္ [ Completed ] { Unicode+Zawgyi }