"ဒေါ်လေးမူ...လာလေ...""အွန်း...လူရှုပ်နေတာလားလို့ ဒီမှာ..."
"ဟုတ်တယ် ဒေါ်လေးမူ နည်းနည်းတော့ရှုပ်တယ်...ဒါပေမဲ့ ရပါတယ်...လာ အထဲဝင်ခဲ့ပါ..."
မူ ပန်းရဲ့လက်ကလေးကိုဆွဲကာ အပ်ချုပ်ဆိုင်သို့ထွက်လာခဲ့လေသည်...
ပန်း တစ်ယောက်တော့ နားမလည်စွာဖြင့် မူ ဆွဲခေါ်ရာသို့ ပါလာလေသည်..."ဒီဟာလေးချုပ်ချင်လို့..."ပိုးသားလေးလိုအိစက်စက် အဝတ်စကလေးကို စားပွဲပေါ်သို့တင်ကာ မူ ဆိုလိုက်သည်...
"ဒေါ်လေး ဖို့လား..."
"မဟုတ်ဘူး...ဒီကသမီး အတွက်..."
"အော် ဟုတ်ကဲ့...""ဒေါ်လေး မူ ထိုင်အုံးလေ...ဒီဘက်ကအမကိုလက်စသတ်ပေးလိုက်အုံးမယ်..."
"ရတယ် ရတယ် ဖြေးဖြေးလုပ်..."မူ ထိုကောင်မလေးညွှန်ပြသော ထိုင်ခုံလေးပေါ်သို့ထိုင်လိုက်လေသည်..
"အန်တီ...သမီးကိုအကျီချုပ်ပေးမလို့လား..."
"အွန်းလေ...သမီးပဲ ဘုရားပွဲသွားချင်တယ်ဆို...မြန်မာဝတ်စုံမရှိဘူးဆိုကွယ်.."
"အယ် ဘယ်လိုကြားတာလည်း..."
"သမီး မာလာနဲ့ပြောနေတာကြားတာပါ..."
"အရမ်းပဲအလိုက်သိတာပဲ အာ့တွေကြောင့်ချစ်နေရတာ ကျွန်မချစ်သူလေးကို..."ပန်း မူ့ဘေးနားလေးမှာဝင်ထိုင်ပြီး မူ့ ကိုလက်ကလေးသိုင်းယှက်ကာဖက်မယ်ရွယ်လိုက်တော့...
"လူတွေရှေ့မှာနော်..အကဲမပိုနဲ့..အဲ့လက်ကြီးက..ဖယ်.."မူ့ကိုဖက်မဲ့ပန်းလက်ကိုရိုက်ချလိုက်သည်...
"ဟွန့်...စိတ်ဆိုးသွားပြီ.."
"စိတ်ဆိုးလည်း..အိမ်ရောက်မှဆိုး...အိမ်ရောက်ရင်ချော့မယ်..."
"အာ့ဆိုရင်တော့ အတိုးနဲ့ချော့ရမယ်နော်..ဒါပဲ..."
မူ ပန်း အား မျက်စောင်းလေးတစ်ချက်ပြစ်ထိုးလိုက်လေသည်..."ရပြီဒေါ်လေး..."
"ဟုတ်ပြီ.."မူ ပန်း အားလက်ညှိုးထိုးလျှက် "သူ့အတိုင်းလေးယူလိုက်ပါအုံး..."
"ဟုတ်ကဲ့..""လာ ညီမလေး ဒီဘက်လာခဲ့..."
"အွန်း.."ပန်း မူ့ နားလေးမှထသွားလေသည်...
မူကတော့ ပန်းအားမျက်စိဒေါက်ထောက်ကာလိုက်ကြည့်နေလေသည်...
YOU ARE READING
လွမ်းရပါတယ်သမီးငယ် // လြမ္းရပါတယ္သမီးငယ္ [ Completed ] { Unicode+Zawgyi }