"ဒေါ်လေးမူ...""မာလာ လာပြီလား...အိမ်ပေါ်ထပ်ကအခန်းကိုနည်းနည်းလောက်ထပ်ရှင်းပေးပါအုံး...လိုအပ်တာလေးတွေ.."
"ဟုတ်ကဲ့...ဒေါ်လေး.."မာလာဆိုသော ထိုကောင်မလေးက ပန်းထက်တော့အနည်းငယ်ကြီးပုံရသည်...မာလာက ပန်းကိုကွက်ကြည့်ကွက်ကြည့်လုပ်ရင်း ခင်မင်တဲ့အရိပ်အရောင်တို့ကိုတော့ ပန်း ခံစားမိသည်။
"သမီး လေးလည်းပင်ပန်းလာရောပေါ့...နားတော့လေ...အခန်းကအပေါ်ဘက်မှာသမီး..."
"ဟုတ်ကဲ့ အန်တီ.." ပန်းလည်း အပေါ်ထပ် ပန်း အခန်းရှိရာသို့တက်လာခဲ့သည်။အိမ်ပေါ်ထပ်၌ အခန်းသည်ပင်နှစ်ခန်းသာရှိသည်...မျက်နှာချင်းဆိုင်နှစ်ခန်းမှ တစ်ခန်းက အန်တီ့အခန်းဖြစ်ဟန်တူသည်။
ပန်းအခန်းထဲကို ဝင်သွားတော့ မာလာ နဲ့တွေ့လေသည်.....
"အမ..."ပန်းဘက်ကပဲ စပြီး ခေါ်လိုက်လေသည်..."အခန်းပြင်လို့ပြီးပြီ နော်..."
"ရတယ် အမ.."
"နားအုံးလေ...ဒါနဲ့ မင်းနာမည်က ပန်း လား..."
"ဟုတ်ကဲ့ သမီးနာမည်က ပန်းမြတ်ချယ်ပါ..."
"ကျုပ်က မာလာပါ..."
ပန်း မာလာ့အပြောကြောင့် မခို့တရို့ရီလိုက်မိသည်။ပန်း ရီတော့ မာလာ လည်း ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"ကျုပ်ပြောတာ ဘာမှားလို့လည်း...""မမှားပါဘူး ပန်း က ကျုပ်လို့ပြောတဲ့ မာလာတို့ စကားအသုံးလေးကိုသဘောကျလို့ပါ..."
"ကျုပ်တို့က အဲလိုပဲပြောတတ်တယ်တော့..."
ဟော ပြောပြန်ပြီ ရိုးသားတဲ့ပုံလေး တောဓလေ့တွေဟု ပန်းကတော့ယူဆလိုက်သည်။"ဟုတ်ကဲ့ အာ့ဆို ခင်ပြီနော် ပန်းတို့.. "
"ကျုပ်က မင်းနဲ့ခင်ချင်နေတာ "
စကားကိုပွင့်ပွင့်လင်းလင်းပြောတတ်တာကိုပင် ပန်း မှာ သဘောကျမဆုံးဖြစ်နေလေသည်။"ဒါဆို ကျုပ် သွားပြီ တော်ကြာ ဒေါ်လေးစိတ်ဆိုးနေမှာဆိုးလို့....နောက်မှအေးဆေးစကားပြောကြမယ်"
ပန်းပင်အဖြေပြန်မပေးရသေးပဲ ဆင်းပြေးသွားတဲ့ မာလာ့နောက်ကျောလေးကိုသာငေးနေမိသည်လေ။
တစ်လမ်းလုံးကားစီးလာရတာပင်ပန်းတာရောကြောင့် အိပ်ရာလေးပေါ်လှဲချလိုက်သည်။
"အား ညောင်းလိုက်တာ..."အိပ်ရာလေးပေါ်အကြောဆန့်ရင်း "ဟာ..မာမီ့ဆီဖုန်းဆက်ရအုံးမှာပဲ..."
YOU ARE READING
လွမ်းရပါတယ်သမီးငယ် // လြမ္းရပါတယ္သမီးငယ္ [ Completed ] { Unicode+Zawgyi }