1

15.8K 1K 125
                                    

ဂျီဆန်. . .
ဆိုတဲ့ရွာအဝင်ကဆိုင်းဘုတ်လှလှလေးနဲ့အတူ
အနီးအဝေးက ညောင်ပင်ကြီးအောက်
ကျောင်းဆရာလေးကိုတွေ့ရမည်ဖြစ်သည်။

လေတဝူးဝူးမှာ ရွာလမ်းကဖုန်းအလိမ်းလိမ်းသည်
ကျောင်းဆရာလေးဝတ်ထားတဲ့ရှုပ်အကျီအဖြူလေး
‌တောင် အရောင်ပြောင်းလုနီးပင်၊
အသန့်အပြန့်အလွန်ကြိုက်လှ‌သော
‌ကျောင်းဆရာလေးခမျာလည်း နာရီဝက်လောက်
‌ခြေကျင်မတတ်စောင့်နေရတာတစ်ကြောင်း
ဖုန်တောထဲနေပူပူနဲ့ဖြစ်ကာ
နဖူးပြေ‌ပြေလေးနဲ့မျက်ခုံးတွေတွန်းချိုးချေပြီ။

" တော်သေးတာပေါ့ ‌လာပေလို့ဘဲငါလည်းမိန်းမယူကလေးမွေးလုပ်လို့တောင်ရနေပြီ "

လေတဖြတ် ဖုန်တဖြတ်နဲ့မလှမ်းမကမ်းမှာ
နွားလှည်းတစ်စီးတွေ့‌နေရသည်ဖြစ်တာကြောင့်
တိုးတိုးတိတ်တိတ်ရေရွတ်လိုက်မိသည်၊
တကယ်ပင်လည်း သူခြေထောက်တွေတောင်
ကျင်လာပါရော့။
လက်ကလေးလှမ်းကာဝှေ့ကာ အချက်ပြလိုက်သည်။

" ဗျို့ လူစိမ်း! ကျောင်းဆရာအသစ်လေးဆိုတာခင်ဗျားလားဗျ "

" ဟုတ်ပါတယ် ကျနော်ပါဘဲပတ်ဂျီမင်းလို့ခေါ်ပါတယ် "

" ကျောင်းဆရာကလည်းသေးသေးလေးရယ်နော် "

" ဘာရယ်!! "

" အယ် အဲ့လောက်ကြီးဒေါသမထွက်ပါနဲ့ကျုပ်ကစတာပါဗျ ကျောင်းဆရာကစာသင်ပေးရမယ့်ကလေးတွေနဲ့ရွယ်တူလောက်လေးမို့ ချစ်စနိုးနဲ့စတာပါ "

ခပ်းရွှန်းရွှန်းရယ်သွေးကာ စကာနောက်ကာနဲ့မလို့
ထိုလှည်းပေါ်ကလူအား ကျောင်းဆရာမကြည်တော့ပါ၊ နေပူထဲအကြာကြီးရပ်စောင့်ခဲ့ရတာမလို့စိတ်ဆတ်နေတာလည်းပါပါလိမ့်မည်။

မျက်စောင်းတစ်ချက်သာ ရွယ်လိုက်ရင်း
အထုတ်တွေလှည်းပေါ်ဆွဲတင်ဖို့ပြင်ရသည်၊
အို တာဝန်ကျလို့သာလာရတာသူ့မယ်ဒီလိုနေရာတွေမနေဖူးပေါင် ရွာကသူကြီးဆိုတဲ့လူနဲ့တော့အမျိုးစပ်တယ်ဆိုဘဲအဖော်လေးရှိလို့သာအားတင်းလာရတာတကယ်တကယ်သာဆို ငြင်းမိမှာပင်။

" နေပါ နေပါ ကျနော်တင်ပေးပါ့မယ်သေးသေးလေးကအထုတ်ကြီးကိုမသယ်ပါနဲ့ "

"ကျုပ်က‌တော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]Where stories live. Discover now