" ကျောင်းဆရာလေး "" လာပြီ လာပြီဗျို့ "
အိမ်ရှေ့က ဂျောင်ဂုရဲ့ခေါ်သံလွင်လွင်လေးကိုကြားတာနဲ့စောင့်မျှော်နေသလိုပင် လုပ်လတ်စတွေထားခဲ့ကာ အိမ်တံခါးလေးသွားဖွင့်ပေးလိုက်သည်။
ဒီနေ့ သူပထမဆုံးကျောင်းမှာတာဝန်ထမ်းဆောင်ရမှာလေ၊
လိုအပ်တာတြွေပင်ရဆင်ရနဲ့ ကျောင်းဆရာကိုကျောင်းလိုက်ပို့မယ့်သူကတော့ဘယ်သူရှိမလည်းကိုဂျောင်ဂုကြီးဘဲ။" ကျုပ်စောသွားပုံဘဲ အေးဆေးလုပ်ပါကျောင်းဆရာ "
" အင်း အင်း "
သိုင်းပြီးလွယ်ရတဲ့ချည်သားအိတ်လေးထဲ
ရှေ့နောက်ပြေးကာ ကောက်ထည့်နေသော
ကျောင်းဆရာသေးသေးလေးကို
ဂျောင်ဂုတစ်ယောက် သဘောအကျကြီးကျနေတော့သည်။" ကျောင်းဆရာ တအားချစ်ချင်စရာကောင်းတယ်နော် "
" ဟ-ဟင်? "
အိတ်ကလေးကိုင်ကာ ကျောင်းဆရာတစ်ယောက်
ကြောင်ခနဲ ပြီးမှနားလည်ကာမျက်နှာတွေရဲနားရွက်လေးပါရဲလို့ရှက်လာရသည်၊
သဘောကျလားဆို ဟင့်အင်းသူအနေရခက်ပါသည်။အိပ်ခန်းထဲဝင်ကာမကြားချင်ယောင်ဆောင်လိုက်ပြီး
အလုပ်ရှုပ်နေလိုက်သည်။
ဂျွန်ဂျောင်ဂုရဲ့ အဲ့လိုရဲရဲတင်းတင်းအပြောအဆိုတွေကို
မကြိုက်ပါ နည်းနည်းလေးမှ။" ပြီးပြီလား စက်ဘီးနဲ့ဘဲလိုက်ပို့ပေးမယ်နော်ကျောင်းဆရာ နေ့လည်စာစားချိန်ကျ ကျုပ်ထမင်းချိုင့်လာပို့ပေးမယ် "
" အင်းပါ "
အနေအထားက ထူးဆန်းနေပေမယ့်
ကျောင်းဆရာသိပ်မတွေးတော့ပါ၊
ဒါကရိုးရိုးသားသား ရွာရဲ့အားကိုးရဆုံးလူငယ်အနေနဲ့
ကိုယ့်ရပ်ရွာမှာလာစာသင်ပေးတဲ့လူကို
ဂရုစိုက်ပေးတာဘဲ ဂျွန်ဂျောင်ဂုကအဲ့လိုလူမျိုးဘဲမလား။
ကိုယ့်ရွာကိုလာတဲ့လူဘဲဖြစ်ဖြစ်
ရွာကလူဘဲဖြစ်ဖြစ်အမြဲအကူညီလိုတိုင်းအသင့်ရှိပြီး သဘောကောင်းတဲ့လူဘဲလေ။" နေ့လည်စာစားချိန်ကျ ကျုပ်ကိုစောင့်နေနော်၊ကလေးတွေဆိုးရင်လည်းကျုပ်ကိုပြော "
YOU ARE READING
"ကျုပ်ကတော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]
Fanfictioncomplete💛 -ရွာကကာလသား ကိုလူပျိုဂျွန်ဂျောင်ဂုများကျောင်းဆရာလေးနားကကိုမခွာဘူးဟေ။ cover CRD!