7

4.3K 635 34
                                    

UNICODE.....

ပထမဆုံးချိန်းတွေ့ခြင်း…။

ရည်းစားပူပူနွေးနွေးလေးအား လက်လေးဆွဲကာ
ရွာဦးကျောင်းဘုရားပွဲလေးဆီ လိုက်ပို့ပေးရသည်၊
ပထမဆုံးချိန်းတွေ့တဲ့ရက်လိုမျိုးဘဲ ဒီနေ့က။

" ငါတို့နောက်ကျတာလား လူတွေအများကြီးဘဲတိုးလို့တောင်ပေါက်ပါ့မလား "

" ထမနဲကျွေးမှာလေအစောပိုင်းက အဲ့တာကြောင့်လူစည်‌နေတာပြီးရင်ကြာဇံချက်ဆိုလားဘဲ။မပူပါနဲ့ ကျောင်းဆရာသေးသေးလေးကိုမောင်ရင်ခွင်ထဲထည့်ပေးထားမယ်လြုံခုံရစေမယ် "

ပခုံးလေးကိုလက်နှစ်ဖက်ထိန်းကိုင်ကာ
ရင်ခွင်ထဲဆွဲထည့်ပြီး လူကျပ်ကျပ်ထဲမတိုက်မိမခိုက်မိအောင်ကာပေးထားရသည်။
လူကတစ်ရွာလုံးအပြင် ဟိုဘက်ရွာကပါ
ဒီညအငြိမ့်ရှိသည်မလို့ရောက်လာကြသည်လားပင်။

" မုန့်လေးစားပြီး ဆီမီးထွန်းတဲ့ဆီသွားကြမယ် ဂျောင်ဂုလူတအားများလို့ဇာတ်ပွဲမကြည့်‌တော့ဘူး "

" ဟုတ်တယ် ဇာတ်ပွဲမကြည့်နဲ့မောင့်မျက်နှာဘဲကြည့် "

" ပေါက်ကရဆို "

ရင်ခွင်ထဲကလှမ်းမော့ကာ မျက်စောင်းလေးထိုးပြလိုက်တဲ့အခါ ကိုလူပျိုကြီးတို့ပါးဖောင်းဖောင်းလေးအား
ရွတ်ခနဲလှမ်းနမ်းပြီး အသည်းယားမိသည်။

" ဂျောင်ဂု! မင်း!‌နော် "

" မောင်နမ်းတာ နည်းနည်ပေ့ါသွားလို့လားအကြာကြီးဖိနမ်းပေးရမလား ဒီပါးလေးတွေပိန်အောင်။ "

" ခုမှအဖြေပေးပြီးတာ နေ့တစ်ဝက်ရှိသေးငါလည်းအနမ်းခံရလို့ဖွတ်ဖွတ်ညက်ညက်ကျေတော့မှာဘဲ "

" မောင်ကမင်းကိုတန်ဖိုးမထားလို့မဟုတ်ပါဘူး၊အရမ်းချစ်စရာကောင်းသွားရင်စိတ်ကထိန်းမနိုင်တော့ဘူးမလို့ "

အသံတိုးတိုးလေးက သူရှင်းပြနေကြောင်း
အမှန်တွေပြောနေမှန်းသိပါသည်၊
အဲ့လိုကြီး ပြောတာလည်းမဟုတ်ဘဲလူကြားထဲ
မလို့ရှက်ရှက်နဲ့ပြောလိုက်တာကို။

" အေးတယ် ဖက်ထားပေး…‌မောင် "

" အချမ်းဓာတ်ကလေးကပိုလာပြီ အဲ့တာကြောင့်အိမ်ထဲကထူထူဝတ်ခဲ့ပြောတာ။ မောင့်ကိုအဘိုးကြီးဘာကြီးနဲ့ "

"ကျုပ်က‌တော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]Where stories live. Discover now