UNICODE........
ရွာဆွမ်းလောင်းပွဲတွက် တတ်တတ်ကြွကြွ
လုပ်အားပေးနေတဲ့ဂျောင်ဂုသည်
ကာလသားခေါင်းတောင်ဟုပင် ပြောနေစရာမလို၊
သူ့လူတွေသူကောင်းကောင်းထိန်းနိုင်ပြီး
ဂျောင်ဂုတို့အဖွဲ့ကအတွဲညီလှသည်
မနေ့တစ်နေ့ကမှရောက်လာတဲ့သူကြီးသားကတော့
ဂျောင်ဂုတို့အဖွဲ့နှင့်ဝင်ရောကာ တလွဲတွေချည်းလုပ်နေမိတာလည်း ရယ်စရာလေးပင်။
နောက်တော့သူ့ဘေးနားဂျောင်ဂုက လာထားရသည်အထိ။ခပ်အုပ်အုပ်ဝဲကျနေတဲ့ဆံပင်နက်နက်လေးတွေသည်
ချွေးအနည်းငယ်စို့နေကာ ရှုပ်အကျီအညိုဆင်လေးနဲ့
ရွာထဲကလုံမပျိုတွေဖို့တော့မျက်စိကျစရာပင်၊
ပြုံးရယ်ကာ သူရှိရာသို့မျက်လုံးခဏခဏရောက်
လာတတ်တာလေးကလည်း
ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ကျောင်းဆရာအဖို့
ငေးမောဖွယ်လေးဖြစ်နေကာ ရင်ဖိုမိသည်။" သူချစ်စရာအရမ်းကောင်းတယ်မထင်ဘူးလား ဂျီမင်း "
" ဂျေုာင်ဂုလား~အင်း ပြောနေစရာတောင်မလိုဘူး "
" ဂျောင်ဂုမဟုတ်ဘူး၊သူတို့အဖွဲ့ထဲကသေးသေးလေးကိုပြောတာ "
" ဟမ်!ဘယ်သူကိုပြောတာလည်း အစ်ကိုနမ်ဂျွန်း "
အစက ပါးချိုင့်နစ်နစ်ကြီးတွေထင်းနေအောင်ထိ
ပြုံးနေကာ ဂျောင်ဂုကိုလိုက်ကြည့်နေတာလို့ဘဲထင်မိတာ နည်းနည်းအလိုမကျတောင်ဖြစ်မိသေး၊
ခုကျ ဘယ်သူ့ကိုပြောနေတာလည်း။" ဟိုကshort pantsအနက်လေးနဲ့ရှပ်အဖြူလေးနဲ့ဖြူဖြူဖသေးသေးလေးလေ…ဟော ကြည့် ကြည့် ပါးချိုင့်ပိစိလေးတွေပေါ်အောင်ပြုံးနေပြန်ပြီ ချစ်စရာမကောင်းဘူးလား "
" အာ…သူလား "
ကျောင်းဆရာတစ်ယောက် ဂျောင်ဂုကိုဘဲ
ငေးမောနေတာနဲ့တင် ပတ်ဝန်းကျင်ကိုသတိမထားမိတော့တာဖြစ်သည်၊
အစ်ကိုနမ်ဂျွန်းပြောတာ အရမ်းကိုဖော်ဖော်ရွေရွေရှိတဲ့ကောင်လေးကိုထင်သည်။
သူနဲ့ပထမဆုံးမိတ်ဆတ်တုန်းကလည်း
အသွက်ကလေးဖြစ်ကာ ဆက်ဆံရေးကောင်းပြီး
လူငယ်ဆန်တဲ့ကောင်လေးမလို့သူနာမည်တောင်
သတိတရမှတ်မိပါသေးတယ် ဂျောင်ဟိုဆော့ဆိုလား။
YOU ARE READING
"ကျုပ်ကတော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]
Fanfictioncomplete💛 -ရွာကကာလသား ကိုလူပျိုဂျွန်ဂျောင်ဂုများကျောင်းဆရာလေးနားကကိုမခွာဘူးဟေ။ cover CRD!