(တိုတိုလေးပေမယ့်ချိုချိုလေး 2)

4.2K 461 26
                                    

Unicode

" မရဘူး။မသွားရပါဘူး။ "

" ဂျောင်ဂု ကလေးမဆန်နဲ့ကွာ … နော် "

" ဒါကလေးဆန်တာမှမဟုတ်တာ ၊ ကျုပ်ကတော့ခွင်ပြုပေးဖို့အစီစဉ်မရှိဘူး။ "

ကတောက်ကဆ ဖြစ်ရပ်သည်လွန်ခဲ့တဲ့တစ်ပတ်ခန့်ကပင်စသည်။

ရွာကိုတာဝန်ကျလာတဲ့ ဆရာမသစ်တစ်ယောက်နဲ့သူ့အား ဂျောင်ဂုကသဝန်တိုလွန်းနေသည်။စပြီးနှုတ်ဆတ်ရုံလေးနဲ့တင် ဂျောင်ဂုကဆွဲခေါ်သွားပြီးနောက်မပက်သက်ဖို့တောင်မှာသေးသည်။တစ်ကျောင်းတည်းရှိနေတာဘဲ ဘယ်လိုလုပ်မ‌ခေါ်မ‌ပြောနေလို့ရမှာလဲလေ၊ဒုတိယအကြိမ်ကပိုတောင်ဆိုးသေးပါသည်။စကားရပ်‌ပြောနေတုန်း ရောက်လာပြီးရှူးရှူးရှားရှားနဲ့။တစ်ဖက်က ကျောင်းဆရာမအပေါ်အတော်လေးအားနာစရာပင်။ထိုကျောင်းဆရာမလေးကတော့ သူ့အပေါ်ဘာမရိုးမသားတဲ့စိတ်မှရှိမနေဘဲစီနီယာဆိုတဲ့တိုင်းသာခေါ်ပြောလုပ်ရုံ၊ဒါကိုရှင်းပြလို့လဲမရသလို ညှိလို့လဲမရဖြစ်နေသည်။

ထိုဆရာမလေးနဲ့ပက်သက်ပြီးပြောတဲ့ညကဆို သူ့မှာခါးကျိုးကြေပြီမှတ်တဲ့ထိကောင်းကောင်းပါးစပ်ပိတ်ခံလိုက်ရသည်။

အခုလဲ ရွာကျောင်းလေးကဆရာ/ဆရာမတွေစုပေါင်းပြီးလုပ်တဲ့အလှူမှာ ကျောင်းဆရာမ‌အသစ်လေးကသူ့ကိုရပ်ရွာကြောင်းမေးမြန်းနေတုန်း ဂျောင်ဂုရောက်လာကာ ခုအလှူပါမသွားရလုပ်နေတော့သည်။

(ဟုတ်ပါတယ် ယူတို့ထင်သလိုပါးစပ်ပိတ်ပြစ်လိုက်တာပါ😀)

" လုပ်ဖော်ကိုင်ဖက်တွေကွ ... မသွားလို့မရဘူး။ငါ့တစ်ယောက်တည်းစိတ်မချရင်မင်းပါလိုက်ခဲ့။ဟုတ်ပီလား ? "

" ကျောင်းဆရာ ကျုပ်ကိုမချစ်ပါဘူး။ဟုတ်တယ်မလား?။ "

" … "

ဂျီမင်းခေါင်းပေါ်ကကျီကန်းအုပ်လိုက်ပျံသွားသလိုပင်၊ဒါကဘယ်လိုလုပ်အဲ့ ကိစ္စဘက်ရောက်သွားတာတုန်း။ငါ့နှယ့်!

" မချစ်ပါဘူး ဟုတ်တယ်မလား?။သိတယ်။ "

" မောင် "

" ဗျာ့ "

စောင်ပုံထဲက အနှီလူသားကားအကျီပင်မဝတ်ရသေး၊ထိုနည်း၎င်းသူလည်းတူတူပင်။

"ကျုပ်က‌တော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]Where stories live. Discover now