UNICODE....." ဗျို့! ကျောင်းဆရာလေး "
ခပ်လှမ်းလှမ်းက အပြုံးကြီးကြီးတွေနဲ့
လက်လှမ်းပြနေတဲ့jungkookအားမြင်ကာ
မနက်စောစောစီးစီး ကျောင်းဆရာစိတ်ညစ်ရချေပြီ၊
ဦးလေးတို့အိမ်မသွားဘဲ အိမ်တွင်းဘဲအောင်းလိုက်ရမှာ။" သူကြီးအိမ်သွားမလို့လားဗျ အတော်ဘဲပြောရဦးမယ်သူကြီးကအခုအိမ်မှာမရှိဘူးဟိုဘက်ရွာကမဂ်လာဆောင်သွားတယ်အိမ်မှာသူကြီးသမီးပျိုလေးဘဲကျန်ခဲ့တာ "
" ကျေးဇူးဘဲ အဲ့ဒါဆိုမသွားတော့ဘူး။ "
လူမှုရေးအရ ကျေးဇူးတင်စကားပြောလိုက်ရင်း
အိမ်ကိုသာပြန်သွားဖို့ပြင်လိုက်သည်၊
အိမ်ထဲဘဲနေနေရတာ ပျင်းလို့ထွက်လာတာရယ်
ဦးလေးတို့အိမ် ရပ်ကြောင်းရွာကြောင်းမေးရင်း
ရေနွေးကြမ်းသောက်စကားဖောက်ရင်း
တစ်ယောက်တည်းနေနေလို့မှလည်းမကောင်းတာလေ။" ကျောင်းဆရာလေး ပျင်းနေပုံဘဲ၊အစမလို့ပါ ကျုပ်တို့ရွာမှာနေသားကျသွားမှာ "
" ပျင်းစရာကြီးကို "
နှစ်ယောက်သားဘေးချင်းကပ်ယှဉ်လျှောက်လာရင်း
စကားစမြည်ပြောဖြစ်သည်၊ စကားပြောဖော်ရှိတော့လည်းသူအပျင်းပြေတာပေါ့အမြင်ကတ်ပေမယ့်လည်း။" ဘယ်လိုလည်း ကျောင်းဆရာကျုပ်ပြောတာကိုသဘောတူလား "
" မင်းကအားရောအားလား ခုတလောအလုပ်ရှုပ်နေတယ်ဆိုလို့ "
" ကျောင်းဆရာကိုတာဝန်ယူထားရတာဘဲ ကျုပ်မှာအရေးတကြီးအလုပ်ဆိုလို့ကျောင်းဆရာဘဲရှိတယ် "
ကြာတော့လည်း jungkookရဲ့ပလီတိခြောက်ချက်စကားချိုချိုတွေအား အထူးတလည်အာရုံမမှုတော့၊
သူပြောသလိုနေသားကျသွားတာပင်။" အဲ့ဒါဆို ခနနေဦးဗျကျုပ်ကခုချွေးတလုံးလုံးနဲ့အိမ်ပြန်ရေမိုးချိုးဦးမယ်၊ကျောင်းဆရာအိမ်မှာဘဲစောင့်နေပါလာခေါ်ပါ့မယ် "
" မင်းအိမ်မှာထိုင်စောင့်ပေးနေရမလား အဲ့ကနေတစ်ခါတည်းသွားလို့ရတာပေါ့အလုပ်မများတော့ဘူး "
" ကျုပ်အိမ်ကိုလား!ကျောင်းဆရာလေးလိုက်ချင်သပဆိုလည်းလိုက်စေဗျာ "
YOU ARE READING
"ကျုပ်ကတော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]
Fanfictioncomplete💛 -ရွာကကာလသား ကိုလူပျိုဂျွန်ဂျောင်ဂုများကျောင်းဆရာလေးနားကကိုမခွာဘူးဟေ။ cover CRD!