8

4.4K 611 36
                                    

UNICODE......

" ကျောင်းဆရာရဲ့ပူတူတူးအသဲအသက်‌ချစ်ဆုံးကလေးမောင်မောင်ဂျောင်ရောက်ပါပြီဗျ "

" ဘာတုန်း ပူတူတူးအသဲအသက်ချစ်ဆုံးတွေကငါမင်းကိုအဲ့လိုတွေမခေါ်ဖူးပါဘူးနော်ဘယ်တစ်ယောက်နဲ့မှားနေတာလည်း "

အိမ်ရှေ့ခြံဝန်လေးဆီက အသံနက်နက်ကြောင့်
ကျောင်းဆရာအိတ်ကလေးဆွဲကာ
ထွက်လာလိုက်သည် စက်ဘီးနီလေးပေါ်ထိုင်ကာ
စောင့်နေတဲ့ဂျောင်ဂုဘဲပေါ့ဘယ်သူရှိရမလည်း၊
စလာတည်းက ပလီပလာအရင်ပြောတာ။

" မောင်ကကျောင်းဆရာရဲ့ အချစ်ဆုံးလေးပူတူတူးလေးဘဲမဟုတ်ဘူးလားဗျာ "

" ကျန်သေးပါ့ ‌မောင်ကအသဲအသက်ကလေး "

ဒီတစ်ခါတော့ကျောင်းဆရာ ရစ်ချင်ပေမယ့်
ယောင်ပေစူးလေးလို ထိပ်မှာခေါင်းစီးကြိုးလေးနဲ့စုချည်ကာ
ချစ်စရာအလွန်ကိုကောင်းနေတဲ့ဂျောင်ဂုကြောင့်
အသဲတွေအူတွေယားလွန်းလို့အချစ်သာပိုနေမိသည်။
တောရွာလေးတစ်ရွာက ရိုးရိုးရှင်းရှင်းကောင်လေး
‌ပေမယ့် ဘယ်လိုအတတ်တွေများတတ်လည်းမသိဘူးပါးပေါ်ကမညီမညာသနပ်ခါးလေးတောင် ငေးမောချင်စရာလေး။

" ကျောင်းဆရာ တင်းတင်းဖက်ထားလေ၊ဒါမှမဟုတ် ဒီလက်မောင်းကြီးတွေကိုကိုင်ထား။ ကျောင်းဆရာအပိုင်တွေအဲ့တာ "

" ဒါလေးဘဲပိုင်တာလားငါက "

" မောင့်ကိုကျောင်းဆရာပိုင်ပြီသား ဘယ်နေရာရာဖြစ်ဖြစ်ဘဲ "

လက်ပြတ်အကျီလေးနဲ့ အညိုရောင်သန်းနေတဲ့
အသားအရည်နဲ့တစ်ဖန်ခန့်ညားပြန်နေတဲ့
ဂျောင်ဂုပါဘဲ ခါးဆီကိုလက်ဖြူဖြူလေးကယှက်သွယ်လာကာ
ကျောပြင်ပေါ်ခေါင်းလေးမှီချလာတာမလို့၊
စက်ဘီးနီလေးတောင်အရှိန်နှေးသွားရသည်
ရင်တွေခုန်ပြီး ဖြစ်ကုန်ရပြီ ကဲ။

" အဲ့လိုတွေ ရုတ်တရတ်ကြီးတွေမလုပ်ပါနဲ့နုလုံးသားနုတဲ့အပြင်ကျောင်းဆရာကလှလှလေးဆိုတော့ရင်ဘတ်ကြီးတောင်ပေါက်ကုန်တော့မယ်။ "

" မသိဘူး!လုပ်မှာ "

" အရမ်းဆိုးတယ်ဗျာ "

ကျောပြင်လေးကိုဘာမပြောညာမပြော
နှုတ်ခမ်းဖူးဖူးလေးကခိုးနမ်းတာကိုတော့
ဒီကိုလူပျိုကြီးကဘဲ မသိချင်ယောင်ဆောင်ပေးလိုက်ပါ့မယ် အဟမ်း။

"ကျုပ်က‌တော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]Tempat cerita menjadi hidup. Temukan sekarang