(တိုတိုလေးပေမယ့်ချိုချို‌လေး3)

2.4K 275 37
                                    

[Valentine Day with kyaungsayar & kyaumgsayar's yawkyaar ]

" ကျောင်းဆရာ မောင့်ကိုလေ ရေလေးခပ်ပေးပါလား? ... ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ။ "

သူဘာသူပြော သူဘာသူထ‌ဖြေလုပ်နေပါသော အနှီတောသားသည် ကျောင်းဆရာဖို့တော့ စာအုပ်တွေအမှတ်ခြစ်မပျက်ပါ။

" ကျောင်းဆရာ ဒီနားလေးကြည့်ပေးပါလား? အကောင်ကိုက်သွားတာထင်တယ်နော်။ .... အာ ဂရုစိုက်ပေးလို့ကျေးဇူးပါ။ "

တုပ်တုပ်မျှမလှုပ် အမှတ်ခြစ်နေသောကျောင်းဆရာ။

မောင်ကလေ မောင့်ကိုလေ မောင်တော့ဖြင့် မောင်ကကွာ မောင်ပြောတာ ... ထိုမျှ ချိုအီနေလှပါသည့် စကားများဖြင့် ဖောင်ဖွဲ့ကာ တစ်မနက်လုံး ဂဂျီဂဂျောင်ကျနေပါသော်လည်း ပစ်မှတ်ကြီးကျောင်းဆရာမှာ အကြည့်ကလေးပင်စွန့်ကြဲမလာခဲ့ပါချေ။

" ကျောင်းဆရာ "

" ... အင်း "

လည်ချောင်းသံလေးပြုလိုက်ပြီး အနှီမျက်နှာရူးကို တစ်ချက်မျှကြည့်ပေးလိုက်သည်။ နှုတ်ခမ်းကိုဆူချင်ချင်လုပ်ပြ‌နေကာ ပါးထက်ရှိသနပ်ခါးတို့မှာ ဟိုတစ်ကွက်ဒီတစ်ကွက်။

" မောင်ဖြင့် စိတ်ကောက်ချင်နေပြီ။ "

တကယ်ပင်တော့ စိတ်ကောက်သွားခြင်းဖြစ်ကြောင်း အသိပေးလာခြင်းပင်။

" ကလေးကလားနဲ့ "

" ...မချစ်တော့လဲကျုပ်ကို ပြောမှာပေါ့လေ "

" တည်တည်တံ့တံ့လေးနေ ဂျောင်ဂု "

" အော် ‌မောင်လို့တောင် မခေါ်တော့ဘူးပေါ့ "

စကားဝိုင်းမှာ ဘယ်လိုဖြစ်လို့ အနှီလူရဲ့ ခပ်ရွဲ့ရွဲ့စကားလုံးများဆီဦးတည်သွားရသလဲ၊ ကျောင်းဆရာပင် တွေးမနိုင်တော့ပါ။

အညာနေကပူပူ ဒီအညာသားနှုတ်ခမ်းကခပ်ဆူဆူ။

" မောင် "

" ... "

" ခေါ်နေတယ် ထူးအခု "

" ...အင်း "

" မောင် "

အသံလေးအား ခပ်မာမာဆိုရုံလောက် ထပ်ခေါ်သည့်အခါ တိုးတိုးဖွဖွအသံလေးပြန်လာတော့သည်။

"ကျုပ်က‌တော့ဖြင့်ချစ်ရချည်ရဲ့. . .ကျောင်းဆရာ"[complete]Where stories live. Discover now