part-4

3.3K 345 19
                                    

ဒီနေ့ me မွေးနေ့မလို့ တင်ဖစ်တာပါ

Unicode

ဒီနေ့အဖို့ ရှောင်းကျန့် အတွက် မနက်ခင်းနေရောင်ခြည်ဟာ သိပ်ကိုလှပနေခဲ့တယ်။တေငှက်သံတေကလဲ ဒီနေ့ပိုပြီး နေထောင်လို့ကောင်းနေသ​ယောင် ။သူ့ကို ပျော်ရွှင်မှုနဲ့ စိုရိမ်စိတ်နှစ်ခုက သိပ်ကိုစိတ်လှုပ်ရှားစေတယ်။ဒီကောင်လေးကို ဖွင့်ပြောခွင့်ရတော့မှာမို့ သူပျော်ရပေမဲ့ အငြင်းခံရမှာကိုလဲ တွေးကာစိတ်ပူမိတယ်။ရိပေါ် သူ့ကိုမငြင်းလောက်ဘူးမလား ဒါပေမဲ့ မုန်းများသွားမလား သူတကယ်ကို စိုရိမ်ပူပန်နေရတယ်။တွေးမနေတော့ပါဘူး ကိုယ်ဘဲမောနေရမှာဘဲ တွေးပူပန်နေတာထက် ပြေးသာရင်ဆိုင်ပါလိုက်မယ်။သူပုံစံကို ကြည့်ကောင်းအောင်ပြင်ဆင်လိုက်တယ်။ဆံပင်ကိုနောက်ဘက်ကို သပ်တင်ထားလိုက်တယ်။ သူချောပါတယ် သိပ်ပြင်နေစရာမလိုပါဘူး။ တစ်နာရီလောက်ပဲ ပြင်ဆင်လိုက်ရတာပါ။အရင်ကချောပြီးသားဖြစ်တာမလို့ အခုပိုရျ်​တောင် ကြည့်ကောင်းလို့နေတယ်။

ရှောင်းကျန့် ရိပေါ်နဲ့တွေ့ဖို့ ထွက်လာခဲ့ လမ်းမှာ သူ့အတွက်စိတ်ပျက်စရာ အလွန်ကောင်းတဲ့ ဝမ်ချောင်တို့အဖွဲ့နဲ့ တိုးရပြီ။ဝမ်ချောင်ဆိုတဲ့ ကောင်ကရှောင်းကျန့်နဲ့ ကျောင်းထဲကရန်ဘက် တွေ့တာသတ်ကြတာမလို့ ကျောင်းအုပ်ကြီးစီလဲ ခနနရောက်ခဲ့ရတယ်။ရှောင်းကျန့်ဘက်က တတ်နိုင်သလောက် ရှောင်ခဲ့ပေမဲ့ ဝမ်ချောင်က လိုက်လိုက်ရန်စတတ်တာမလို့ ရှောင်းကျန့် သည်းခံလို့မရခဲ့။အခုလဲ ဘယ်လိုကံဆိုးလိုက်သလဲ။ပျော်နေတဲ့စိတ်တောင် အဝေးကိုပျံတတ်ကုန်ပြီး။

"ဟန့်. . .ဘယ်သူများလဲလို့ ငါရဲ့မိတ်ဆွေဟောင်းကြီးပါလား မတွေ့ရတာတောင် ကြာပြီနော် အချစ်လေးကျန့်"

"xီးကို အချစ်လေးပါလားကွ ဘာလဲ ငါ့လက်သီးကို မစားရတာကြာတော့ ငတ်နေပြီလား ဝမ်ချောင်"

"အံမယ် ငါကလဲမင်းကို ငါ့ရဲ့လက်သီးကို သိပ်ကျွေးချင်နေတာ အခုတော့လမ်းကြုံပြီပေါ့ကွာ"

ရိပေါ် ကျန့်ကောကိုစောင့်ရတာ ကြာလှပီ ကောကအခုထိမရောက်လာသေး။ဘယ်တေများ ဝင်နေလို့ ဒီလောက်နောက်ကျနေရတာလဲမသိဘူး။ မနက်ကတွေ့နေကြ ပန်းခြံထဲက ခုန်တန်းလေးမှာ စောင့်နေဆိုလို့ စောင့်နေတာ သူအရမ်းစိတ်လှုပ်ရှားလွန်းလို့ အစောကြီး ထွက်လာခဲ့တာ အခု အရမ်းကိုကြာနေပြီ။ချိန်းထားတဲ့ အချိန်းကျော်နေတာတောင် ကျန့်ကောကရောက်မလားသေး။တွေးနေတဲ့သူ့ရဲ့ ပုခုံးကို နောက်ကတင်လာတဲ့လက်ကြောင့် သူလန့်သွားမိတယ်။လှည့်ကြည့်လိုက်တော့ သူ့ရဲ့ချစ်လှစွာသော ကျန့်ကော။မျက်နှာမှာလဲ အညိုမဲဆွဲလို့ ရန်ဖစ်လာတာလား။ရိပေါ်အရမ်း စိုရိမ်သွားခဲ့တယ်။သူရဲ့ ကိုကို့ကိုများ ဘယ်သူကထိပါးရဲရတာလဲ ကိုယ့်သေတွင်းကိုယ်တူးကြတာဘဲ။

 🐷I'm Top🐰💚❤(completed)Where stories live. Discover now