လာpညော်
Unicode
ဒီနေ့ ကျတော်ရဲ့ ကလေးလေး မျက်နှာမကောင်းပေ။ အခုသူနဲ့ တွေ့တဲ့ တစ်ချိန်လုံးငေးငိုင်နေတာဘဲ သက်ပြင်းတွေ တေကလဲ ချသလား မမေးနဲ့ ကလေးရဲ့ အရွယ်နဲ့တောင် မလိုက်ဘူး။
"ကလေး..."
"ဗျာ....ကိုကို ပြောလေ "
"ကလေး...မှာ စိတ်ညစ်စရာ တစ်ခုခုရှိနေလို့လား"
"မရှိပါဘူး ကိုကိုရဲ့ ဘာဖစ်လို့လဲ...??"
"မသိဘူးလေ...ကလေးက သက်ပြင်းတွေ ချနေတယ်ဆိုတော့ ကိုယ်ထင်မိလို့"
"ဟူးးးး ကိုကို တကယ်လို့လေ တိတိအိမ်က ကိုကိုနဲ့တိတိကို သဘောမတူရင် ဘယ်လိုလုပ်ကြမလဲဟင်"
"အော်....ဒါများ ကလေးရာ ကိုယ်က ကလေးကိုခိုးပြေးမှာပေါ့ "
"တကယ်လား...!!ကိုကို "
"တကယ်ပေါ့...ကလေးကရော ကိုယ့်နောက်လိုက်ရဲမှာလား"
"ကိုကိုနဲ့သာဆိုရင်လေ တိတိငရဲပြည်လဲ ဟန်းနီးမွန်း ခရီးထွက်ရဲတယ်"
"ဟားဟားးးကလေးက အတတ်ကလေးကွာ ဘယ်သူ့ကလေးပါလိမ့်"
"ကိုကို့ ...ကလေးပါနော်"
"အားးးချစ်ဖို့ကောင်းလိုက်တဲ့ ကလေးကွာ"
အသဲတစ်ယားယားနဲ့မို့ ရိပေါ်ရဲ့ကိုယ်လုံးကြီးကို သူရင်ခွင်ကျဥ်းကျဥ်းလေးထဲ ထည့်ထားပစ်လိုက်တယ်။
(AN/ ပြောချင်တာက ရိပေါ်က ကောထက် ကိုယ်လုံးနည်းနည်းကြီးနေတယ်ကွာ ကောကသေးတယ် အဲ့ကြောင့် ကောရဲ့ရင်ခွင်သေးသေးထဲကို ရိပေါ်ကသူ့ကိုယ်နဲ့ဝင်ထားရတယ် နားလည်လားတော့မသိ)
ရိပေါ် ကိုကိုရဲ့ ရင်ခွင်သေးသေးထဲမှာ နေနေရတာ အခုထိနေသားမကျသေး ကိုကိုကလဲ သူ့ကို ကိုကိုထက်သေးသွယ်တယ်များ ထင်နေလားမသိ။ခနနဆွဲဖက်နေတော့တာဘဲ။ သူလဲ ကြာလာရင် ကိုကို့နဲ့နေပါများပြီး မွေးကင်းစကလေး ဖစ်တော့မယ်။ ကိုကို့ကိုချစ်ရတာ မလွယ်ပါ့လား ကိုကိုရယ်။
.......................
ရှောင်းကျန့် ဒီနေ့တော့ ဆိုင်ကပ်နေရသည်။ ကျန်းချန်း ကလဲမရှိ ဆိုင်အတွက်လိုအပ်တာတွေ သွားဝယ်နေသည်။သူကတော့ ဆိုင်စောင့်ပေါ့ counter မှာထိုင်ပီး ငွေစာရင်းတွေ ကြည့်နေရင်း ဆိုင်ထဲလူဝင်လာတော့
YOU ARE READING
🐷I'm Top🐰💚❤(completed)
FanfictionYizhan ဘဲရေးတာပါနော် ဒီတိုင်းရေးချင်စိတ်ဖစ်လိုက်လို့ပါ