part-6

3.1K 287 22
                                    

Unicode

စောင့်ရတာကြာသွားလား

ဘာလိုလိုနဲ့ ကျတော်နဲ့ကလေး ချစ်သူဖြစ်တာ သုံးပတ်ပြည့်တော့မယ်။ တစ်နေ့ထက်တစ်နေ့ ကျတော့် ကောင်လေးရဲ့ ချစ်စရာ့ကောင်းမှုတေကြောင့် ကျတော့်မှာအလူးအလဲ အခြွေခံနေရတော့ ကြွေနေရတော့တာပေါ့ ကျတော်လဲ သူ့ကိုအရမ်းချစ်သလို သူလေးကလဲ ကျတော့်ကိုသိပ်ချစ်တာပါ။ နှစ်ယောက်အတူ အပြင်သွားရင်လဲ ဘဲမရှိသူများအတွဲကိုဘဲ သရေတစ်မျှမျှနဲ့ ငမ်းတတ်ကြတဲ့ လိပ်မတေကြောင့် ကျတော့်ကလေးရဲ့ အူတိုသဝန်ကြောင်မှုတွေကိုလဲ ကျတော့်မှာခံရပါသေးတယ်။အဲ့အချိန်တွေဆို ကလေးကအရမ်းရစ်တတ်တာဘဲ။*ကိုကိုက ကျတော့်ကို မချစ်ဘူး သူတို့ငမ်းတာကို ငြိမ်ခံတယ်* အဲ့လိုတွေပြောပြီးတော့ကို ရစ်တတ်တာ။သူမကျေနပ်ရင် မကျေနပ်သလို ကျတော့်နှုတ်ခမ်းတွေကိုလဲ ပေါက်ပြဲနေအောင် ကိုက်တတ်သေးတယ်။ ဘာလို့ ကိုက်သလဲမေးရင် ကိုကိုကတိတိအပိုင်ဆိုတာ လူတေသိအောင် တံဆိပ်ခတ်တာ ဆိုပြီး နှုတ်ခမ်းလေးထော်ပြီး လူကိုအသဲယားအောင် ပြောတတ်သေးတယ်။ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ စဥ်းစားကြည့်ဗျာ။သူလေး ခြွေတာ ကိစ္စမရှိဘူး တော်ကြာ သူ့ချစ်သူကောင်လေးကို အကြွေလွန်ပြီး သေတဲ့မသာဆိုပီ ကျတော်နာမည်ကြီးနေရင် ဒုက္ခ။

အခုလဲ နှုတ်ခမ်းလေးစူပြီး ကောက်တော်မူနေလေရဲ့ ။ကျတော်ကကျတော်ပါဘဲ သူများကိစ္စ မတရားမြင်ရင်မနေနိုင်။ အဲ့တော့ဝင်ပါရင်း ရန်တေဖြစ်နဲ့။ အခုလဲရန်ဖြစ်ပြီး မျက်နှာမှာနည်းနည်းထိလာတယ်လေ။အဲ့တာကို ကလေးကမြင်တော့ ရန်မဖစ်နဲ့လို့ပြောထားတဲ့ သူစကားနားမထောင်ရကောင်းလာဆိုပြီး ကောက်နေလေရဲ့။ ကောက်သာကောက်တာ သူ့ကိုလဲအားကြီးစိတ်ပူတတ်သေးတယ်။မျက်နှာက အနာကိုဆေးထည့်ပြီးမှ ဆက်ကောက်တတ်သေးတဲ့ သူ့ရဲ့ကောက်စိန်လေး။အခုကျတော်မျိုးကြီးက ချော့ရပေအုန်းမယ်။

"ကလေးရေ~~"

"..........."

"ကလေးလေးရေလို့~~"

"..........."

"ကိုကို ခေါ်နေတယ်လေ"

"မခေါ်နဲ့ ခဗျားကြီးနဲ့ စကားမပြောတော့ဘူး ဟင့်"

 🐷I'm Top🐰💚❤(completed)Where stories live. Discover now