part-8

2.9K 278 24
                                    

Unicode

ဆန်းသစ်တဲ့ အပြင်အဆင်တေနဲ့ ခမ်းနားလွန်းသည့် ဝမ်စံအိမ်တော်ရဲ့ ဧည့်ခန်း ဆိုဖာပေါ်တွင် ကျော့မော့စွာ TVထိုင်ကြည့်နေတဲ့ ဝမ်ကတော်။သူမရဲ့ အကြည့်တို့က Tvပေါ်က တစ်ဆင့် အပေါ်ထပ်က သီချင်းတစ်အေးအေးနဲ့ ဆင်းလာတဲ့ သားတော်မောင်စီ ကူးပြောင်းလိုက်သည်။

"အံမယ်..မားရဲ့ သားက ပြုံးလို့ပျော်လို့ပါလား မဟုမှ လင်ရတော့မှာမလို့တော့ မားမသတ်မှတ်ချင်ဘူးနော်"

အိမ်အောက်ထပ် ရောက်တာနဲ့ သူ့အားဖဲ့ကာ စနှောက်နေသည့် မားရဲ့ဘေးမှ ထိုင်ရင်းပြန်ဖြေလိုက်ရသည်။

"မားရာ...သိရဲ့သားနဲ့ ကို သားမိချင်းမဖဲ့ပါနဲ့လားလို့"

ရိပေါ်ဆိုတဲ့ ကောင်လေးကလေ တစ်ခြားသူတေနဲ့သာ ခက်ထန်နေတတ်တာ သူ့ချစ်ခင်ရသူတေနဲ့ဆို ကြောင်ပေါက်လေးအလားဘဲ။ အခုလဲ သူ့ကိုမားကို ချွဲနေပြန်ပါပီ။

"သိပါတယ်...သားရယ် သားကြောင့်လေ မားမှာကြားထဲကနေ လူကြမ်းမကြီး ဝင်လုပ်လိုက်ရသေးတာဘဲမလား ဘယ်နဲ့လဲ မားရဲ့ အိုက်တင်တွေ လန်းတယ်မလား"

"Very good ဘဲမားရယ် မားသာ မင်းသမီးလုပ်ရင်လေ အခုခေတ်နာမည်ကြီး မင်းသမီးတွေတော့ ထမင်းငတ်ပီဘဲ"

"အမလေး လုပ်ချင်တာ လုပ်ရတော့ မအေကို ကပ်ဖားနေပီပေါ့လေ"

"ဟီးဟီး...မားကလဲ သားက တကယ်ပြောတာပါနော် "

"ဟုတ်ပါပြီ...ယုံပါတယ် ယုံပါတယ် "

ကဲ..ခဗျားတို့ ဘယ်လိုထင်လဲ အစကမားကို လူကြမ်းမကြီး လို့ထင်ကြတယ်မလား။ ဒါပေမဲ့ အဲ့တာက အမှန်မဖြစ်ခဲ့ဘူး ။ အဲ့နေ့က.......

"မား....."

"ပြောလေ သားရဲ့"

"သားမှာ...ချစ်သူရှိနေပြီ "

"ဟယ်...တကယ်လား သားရဲ့ ဒီမယ်သား မားပြောမယ် မင်းကိုမားက မိန်းမမပေးစားနိုင်ဘူးနော် ယောကျာ်းယူမယ်ဆိုရင်တော့ မားစဥ်းစားပေးမယ်"
(AN/မားလဲ ငါ့လိုဘဲဟ)

"သားလဲ အစစ်မတွေကို မကြိုက်ပါဘူး သားကြိုက်တာ ကိုကို့ကိုဘဲ"

 🐷I'm Top🐰💚❤(completed)Where stories live. Discover now