Unicode
..(4.11.2021)..
နောက်ဆုံးတော့ သူတို့မျှော်လင့်နေတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ။ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ကြောင်း လူအများရဲ့ရှေ့မှာ လက်တွဲကာပြနိုင်ခဲ့ပြီ။
ရိပေါ့် သူရဲ့နတ်သားလေးကို သိပ်မြင်တွေ့ချင်နေပီ။ လက်တွဲပြီး အများရှေ့မှာ အနမ်းပန်းခြွေချင်နေပြီ ပွဲမစမချင်းမတွေ့ရဘူးဆိုတဲ့ ပါးရဲ့ အမိန့်ကြောင့် သူ့မှာခုန်စွစွ။......
"ကျန့်လေးရေ ပြင်လို့ပြီးပြီလာကွယ်"
"ဟုတ် မားသားအဆင်သင့်ဖြစ်ပါပြီ"
"အိုမို ကြည့်ပါဦး မားရဲ့ သမက်လေးက အခုလိုပြင်ထားတော့လဲ နတ်သားလေးအတိုင်းပါဘဲလား"
"မားကလဲ အဲ့လိုမပြောပါနဲ့ ဟိုပြင်ထားတာ နည်းနည်းများနေမလားဟင်"
"အမလေး မများပါဘူးသားရဲ့ ယောကျာ်းရေ ကြည့်ပါဦး ငါတို့သမက်လေးက အရမ်းချောနေတာဘဲ ရှင့်သားသာမြင်ရင်တော့ မျက်လုံးပြူးထွက်လာမှာ မြင်ယောင်နေပြီ "
"ဟာ မားနော် သားရှက်တယ် "
"ကဲကဲ ချီးကျူးတာ နောက်မှကျူးကြ မဂ်လာချိန်နီးနေပြီ မင်းသားမျှော်နေလိမ့်မယ်"
"ဟုတ်သားဘဲ လာသား မင်းပါးရဲ့ လက်ကိုချိတ်လိုက်"
"ဟုတ်"
..........
ရှောင်းကျန့် ပါးရဲ့ လက်ကိုချိတ်တွဲလိုက်ရင်း ခမ်းမထဲသို့ ဝင်လာခဲ့သည်။ သူ့ရဲ့ ချစ်လှစွာသော သတို့သားလေးကတော့ သူ့အား မှင်သက်စွာ ငေးမောလျက်ဘဲ။
တစ်လှမ်းချင်း လျှောက်လာပီး သတို့သားလေးရိပေါ့်ရှေ့ ရောက်လာတော့ ပါးကသူ့လက်ကို အမြတ်တနိုးနဲ့ ကိုင်ဆိုင်ကာ သူ့သားရဲ့လက်ထဲသို့ အပ်နှင်လိုက်သည်။
"ပါး ဂုဏ်ယူပါတယ် "
သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြူနူးရိပ်လွှမ်းစွာ ကြည့်ရင်း ရှောင်းကျန့် က အသက်ပါပါပြုံးသည်။
ဖာသားက မဂ်လာစကားတို့ကို ဆိုနေစဥ် သတို့သားနှစ်ဦးဟာတော့ ကြူနူးရိပ်မျက်ဝန်းတို့နဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ကတိစကားဆိုပြီး လက်စွပ်ကို ဝတ်ဆင်အပြီးမှာတော့ ရိပေါ်က ရှောင်းကျန့် အားစကားဆိုလိုက်သည်။
YOU ARE READING
🐷I'm Top🐰💚❤(completed)
FanfictionYizhan ဘဲရေးတာပါနော် ဒီတိုင်းရေးချင်စိတ်ဖစ်လိုက်လို့ပါ