"ဇာတ်ကြောင်းပြောင်းသွားပြီ"

290 29 1
                                    

For Unicode-

"ယူအာ ထတော့ ထတော့"

အတင်းလှုပ်နိုးခံရတာကြောင့် မျက်လုံးဖွင့်လာမိတယ် 'ဒီနေရာကကော ဘယ်မှာလဲ?'

ဘေးပတ်ဝန်းကျင်ကို မျက်လုံးလျောက်ကြည့်မိတယ် 'ဆေးရုံ ဘယ်ဆေးရုံမှာလဲ' သူမမျက်လုံးတွေက သူမကိုရပ်ကြည့်နေတဲ့လူတွေဆီမှာ ရပ်သွားတယ်

"ဆောဂျီဝူ" အခြားဆရာဝန်တွေနဲ့အတူရပ်ကြည့်နေကြတဲ့ထဲက အလယ်ကဆောဂျီဝူကို မြင်လိုက်မိတယ်

"ကိုယ်အလုပ်ကိုယ်လုပ်ကြတော့ သူနိုးလာပြီ "ယူဂျွန်းစီနီယာက ဘေးကရပ်ကြည့်နေတဲ့လူတွေကို သွားဖို့ပြောလိုက်တယ်

အကုန်လုံးကကွက်ကြည့်"နဲ့ ထွက်သွားကြတယ်
ဆောဂျီဝူက ရပ်ကြည့်နေတုန်း

ယူအာက ထလိုက်ရင်း "အ့တာ ဘယ်လိုလုပ် လူနာကော ဘယ်မှာ"

"နင် အရေးပေါ်ကားထဲက ထွက်"ချင်း မေ့လဲသွားတာ အခြားဆရာဝန်က အ့လိုတွေးပြီး ခေါ်လာပေမယ့် ဒီရောက်လာတော့ မင်းကဆက်တိုက်အိပ်နေတာ 3နာရီလောက်ရှိပြီ ခေါင်းထဲမှာပြသနာရှိနေတာလား?" ဂျီဝူက ထပြောလေသည်

"အိပ် အိပ် အိပ် သွားတာလား?" သူမက ထစ်အထစ်အပြောမိလေသည် ထိုမှ နောက်ရပ်နေသည့် ယူဂျွန်းစီနီယာအား ခေါင်ငုံလိုက်ရင်း "တောင်းပန်ပါတယ် စီနီယာ"

"ရပါတယ်" ယူဂျွန်းက လက်ခါပြလေသည်

"လူနာက အရေးပေါ်ခွဲစိတ်ခန်းထဲမှာ ဆေးရုံအုပ်က မင်းကိုတွေ့ဖို့ နိုးရင်ပြောလိုက်ဖို့ မှာထားတယ်" ဂျီဝူက ပြောကာ သူဆေးမှတ်တမ်းအား ယူရင်းထွက်သွားလေတော့သည်

ယူဂျွန်းကလည်း "ဂရုစိုက် ဒီနေ့တော့ နားလိုက်တော့ ပင်ပန်းနေတာမလား နှစ်ရက်လောက်မအိပ်ရတော့ "ဆိုပြောကာ ထွက်သွားလေသည်

'ငါတော့ သေပြီ နေဦး ငါwebtoonထဲမှာသေသွားပြီလား? အား ဘာမှလည်းမသိလိုက်ရဖူး အခုအဆူခံရတော့မယ်'

သူမကချက်ချင်း dripဖြုတ်လိုက်ကာ ဆရာဝန်နားနေခန်းထဲ ထသွားလေသည်

သိပ်မကြာခင် ဆေးရုံအုပ်ရုံးခန်းထဲ၌-

"တောင်းပန်ပါတယ် ဆရာ နောက်မဖြစ်စေရပါဖူး"

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Opowieści tętniące życiem. Odkryj je teraz