Umbrella When It Rains

189 20 8
                                    

"ယူအာ သူကဘယ်သူလဲ မင်းကိုဘာတွေပြောနေလို့ မင်းမျက်နှာက သွေးမရှိအောင် ဖြူဖျော့နေတာလဲ" ရှန်က တုန်နေတဲ့ ယူအာ ခန္ဓာကိုယ်ကို ကိုင်လှုပ်လိုက်ရင်း ပြောလေသည်

ယူအာက တစုံတခုကို တွေးနေရင်းကနေ "ရှန် နင့်ငါကိုယုံလား?"

"ယုံတာပေါ့ " ရှန်က သူမမျက်လုံးကို ကြည့်ပြီးဖြေလိုက်တယ်

"ယုံရင်ရပြီ ဘယ်သူမှမယုံရင် ငါကတော့နင်က ယုံကြည်ရင် ရပြီ သွားကြရအောင်" ယူအာက သူ့လက်ကိုဆွဲပြီး ထွက်သွားလေသည်

အိမ်ပြန်ရောက်တော့ ရှန်ကို ယူအာက အကုန်ပြောပြလိုက်လေတော့သည် အစက ရှန်က မယုံနိုင်ဖြစ်နေပေမယ့် "ယူအာ နှစ်ယောက်ဖြစ်နေကတည်းက ထူးဆန်းနေတာ သိလိုက်တယ် ဒါဆိုရင် ဒါက ကာတွန်းကမ္ဘာပေါ့"

"ဟုတ်တယ် နင်ရော ငါရော ဒီကမ္ဘာမှာ ပိတ်မိနေကြတာ နင်သာ ဒီကမ္ဘာက ရှန်အစစ်မဟုတ်ဘူးဆိုရင် နင်လည်း ခံရတဲ့အပြင်လူပဲ"

"တောင်းပန်ပါတယ်မသိခဲ့လို့ ထပ်ပြီးတောင်းပန်ပါတယ် မင်းကို ရင့်ရင့်သီးသီးပြောခဲ့လို့ "ရှန်က တောင်းပန်လာလေသည်

"ဘာမှမဖြစ်ဘူး နင်မှမသိတာလေ သိရင်အဲလိုဆက်ဆံမှာမဟုတ်ဘူး နင်က သဘောကောင်းတဲ့လူလေ ဒါကိုငါသိတယ်"

ရှန်နဲ့ ယူအာက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှန်မှ စကားစပြောလေတော့သည် "အခု ငါကိုဘာလုပ်ရမလဲသာ ပြောလိုက်"

"နင်က စကိတ်ပဲဆက်စီးနေရင် ရပြီ ငါကတော့ ငါလုပ်ခဲ့တဲ့အရှုပ်ထုတ်ကိုရှင်းရမယ်"

"စိတ်ပူရမှာလား?" ရှန်က စိတ်ပူပုံဖြင့် မေးလေသည်

"မဟုတ်ဘူး ငါတို့ သေချာပေါက် ဒီကနေ အတူတူ ထွက်သွားကြမယ် ကတိ"

"ကတိ"

ရှန်ရဲ့ စကိတ်ပြန်စီးခြင်းဟာ ယူအာအတွက် တကယ်ပျော်ရတဲ့အလုပ်ပါ ယူအာက အိမ်မှာအမြဲမနေတော့ပါဘူး ရှန်နောက်မှာ လေ့ကျင့်ရေးတိုင်း လိုက်လေ့ရှိတယ် တခါတလေ သူမဘာသာ အပြင်သွားတယ်

Worldပွဲက ရှန်နဲ့သူမအတွက် ပြောင်းလဲမှုပေးနိုင်တယ်ဆိုတာ သူမသိတယ် ဘာလို့လဲဆို သူမက အရင်တခေါက်က အဲနေ့မှာ တိုက်ပေါ်ကခုန်ချခဲ့ပြီး ရှန်က ရှုံးခဲ့တာဖြစ်လို့ပဲ

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now