မနက်ခင်းက သူကအတိအကျပဲ ၉နာရီကျ လာခေါ်လေသည် 'အချိန်အရမ်းတိကျတာပဲ' တကယ်တော့ သူမက အိပ်ပျော်နေဦးမှာ အပြင်လောကမှာဆို အခုကကာတွန်းထဲဖြစ်သဖြင့် အချိန်တိုင်းသတိဝရိယနဲ့ နေရဖြစ်ဖြစ်သည်ကို သဘောပေါက်ထားလေသည်
"ရှန်" သူမက ကားပေါ်တက်လိုက်ရင်း တနေရာအားတွေးရောက်နေသည့် ရှန်အား စကားစလိုက်လေသည်
ရှန်က "ဟမ်"ဆိုတဲ့ စကားတလုံးသာထွက်လာပြီး အခြားတနေရာအား စိုက်ကြည့်ဆဲဖြစ်သည်
"မနက်စာ....." သူမက ပြောမဆုံးခင်ပဲ
ရှန်က toolboxထဲက မနက်စာဗူးအားထုတ်ကာ သူမအားပေးလိုက်လေသည် "ကြိုက်ပါ့မလားတော့မသိပေမယ့် အမေကလုပ်ပေးလိုက်တာ"
ယူအာက ကြောင်သွားရင်း "အာ ကျေးဇူးတင်ပါတယ် ကောင်း"စားလိုက်ပါမယ်" ဆိုပြီး ဗူးကိုဖွင့်ကြည့်လေသည်
ကြက်ဥလိပ်နဲ့ Gyouzaက တကန့်
ထမင်းကတကန့်
ထမင်းနံ့ကအစ ပူပူနွေးနွေးအနံ့ရလေသည် ဘယ်လောက်စေတနာပါတဲ့အစားအစာလဲ သိသာနေလေသည်ထိုနောက် လေ့ကျင်ရေးကွင်းထဲရောက်လာကြသည် ရှန်ကအဝတ်စားလဲရန် အခန်းတွေထဲကတခန်းထဲဝင်သွားပြီး သူမကဆေးပစ္စည်းအိတ် သူကားပေါ်မှာတုန်းက ပေးလိုက်သည့် အိတ်အား စစ်ကြည့်နေလေသည်
"ဓါး" သူမထမင်းစားပြီးနောက် ရှန်က မပြောမဆိုနဲ့ ဓါးမြောင်ကြီး ထုတ်ပေးခြင်းဖြစ်လေသည်
"ဟုတ်တယ်" ဘာမှမဖြစ်သလို ပြောနေပြန်ပြီ
"အဲ့ဒါ ငါကဘာလုပ်ရမှာလဲ" သူမဦးနှောက်က လိုက်မမှီတော့
"ဆောင်ထား" သူက ပေးနေတုန်းဖြစ်သည်
"ငါကဘာလို့...."
"မလုံခြုံဖူး ငါမရှိရင် မင်းကဆရာဝန်ဆိုတော့ ဓါးတော့ သေချာသုံးတတ်တယ်မလား အ့တာကြောင့် တခုခုဖြစ်ရင် ဒီဓါးနဲ့သာ တွေ့တဲ့နေရာထိုး ကျန်တဲ့ကိစ္စငါရှင်းမယ်"
'____' ယူအာ ကြက်သေသေနေလေသည်
သူက ဓါးအား သူမလက်ထဲထည့်ပေးလိုက်လေတော့သည်
သူခုနကပေးခဲ့သည့်ဓါးအား ထုတ်ကြည့်လိုက်ပြီး သူမခါးနောက်ထဲ ပြန်သိမ်းထားလိုက်လေသည် 'ဟုတ်တယ် ကိုယ်ဘာသာကာကွယ်ရမယ်'
YOU ARE READING
"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"
Fanfiction- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်းကို ပြောင်းမိလိုက်ပြီ" Just a normal oc fic without intending anyone : Yuzuru Hanyu is the role model for my male lead . Start date- 22 augu...