ရှန်က ချက်ချင်း သူလူကိုပြောလေသည် "ဓါးထဲမှာထည့်ထားတဲ့ GPSကို ခြေရာခံလိုက်"
"ဟုတ်ကဲ့ပါဆရာ"
မှောင်မဲနေသောအခန်း မှိတ်တုတ်မှိတ်တုတ်မီးရောင်
အေးစက်နေတဲ့အနံ့အသက်သူမက ပခုံးတွေနာကျင်သလိုခံစားရပြီး လက်တဖက်ထောက်လိုက်ကာ ထလာလေသည်
'ဒါဘယ်မှာလဲ' သူမကဘေးပတ်ဝန်းကျင်ကို ပတ်ပတ်လည်ကြည့်လိုက်သည်
'ဘယ်သူမှမရှိဘူးလား'
သူမက ထဖို့ကြိုးစားနေတုန်းမှာပဲ အမျိုးသမီးတယောက်ဝင်လာလေသည် သူမကဦးထုပ်နဲ့မျက်နှာကိုကွယ်ထားပေမယ့် မိန်းကလေးဆိုတာ သူမရဲ့ဒေါက်ဖိနပ်ကဖော်ပြနေလေသည်
ယူအာက မထသေးပဲ ဆက်လဲနေလေသည်
ထိုအမျိုးသမီးက အခန်းအလယ်က ထိုင်ခုံ၌ ဝင်ထိုင်လိုက်လေသည် ပြီးတော့ "မင်းက ယူအာလား"
ယူအာက မဖြေပေ သူမကြည့်ရတာ တစုံတခုကိုတွေးနေပုံ ထိုအမျိုးသမီးက ယူအာနားလာပြီး သူမမျက်နှာကို သူလက်ဖြင့် ဆွဲလှည့်လိုက်လေသည် "မင်းက ယူအာလားလို့ ငါမေးနေတယ်"
"ဟုတ်တယ်" သူမလက်တဖက်က သူမဘောင်းဘီအိတ်ကပ်ထဲက ဓါးမြောင်ကိုရှာနေဆဲ
"ဒါကိုရှာနေတာလား?" ထိုအမျိုးသမီးက ဓါးကိုထုတ်ပြလေသည်
"ဒါငါ့ဟာ" သူမကလုလိုက်လေသည် သို့သော် မရလိုက်
"ဒါ ရှန့်ဟာမလား?" သူမက ဓါးမြောင်းကိုကြည့်ရင်းပြောလိုက်လေသည်
"နင် ဘယ်လိုလုပ် ..." ယူအာ လန့်သွားလေသညါ
"ဒီလိုပဲပေါ့ ကဲယူအာ ဆွေးနွေးကြမယ် "
ရှန်မှလည်း ကားမောင်းလာလေသည် သူက ဘယ်တော့မှ အန္တာရယ်များတဲ့ကားမောင်းခြင်းကို လုပ်လေ့မရှိ ယခုသူမအတွက်ကျမှ ကားမောင်းလာခြင်းဖြစ်သည်
"လူကြီးမင်း တည်နေရာကိုရောက်ရှိပါတော့မယ်" အချက်ပြစက်မှ ထွက်လာသောအသံ
လူရှင်းသောလယ်မြေနေရာဖြစ်ပြီး အ့နေရာမှာ ဂိုထောင်တလုံးပဲရှိလေသည် ရှန်ရောက်သည်နဲ့ ချက်ချင်း ကားပေါ်ကဆင်းသွားကာ ဂိုထောင်ပွင့်နေသည်မြင်တာနဲ့ ပြေးဝင်သွားလေသည်
![](https://img.wattpad.com/cover/282371841-288-k575825.jpg)
YOU ARE READING
"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"
Fanfiction- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်းကို ပြောင်းမိလိုက်ပြီ" Just a normal oc fic without intending anyone : Yuzuru Hanyu is the role model for my male lead . Start date- 22 augu...