"ဒီစိတ်ပူမှုကို အဆိုးဆုံးအခြေအနေထိ မပြောင်းလဲသွားစေချင်ဘူး"
"အကို"
"ဂျီဝူ ငါစဥ်းစားလိုက်ပါ့မယ် " ယူဂျွန်းစီနီယာက တွေဝေနေတဲ့ပုံနဲ့ သူအား အပေါက်ဝထိလိုက်ပို့ရင်း ပြောလေသည်
"ဟုတ်ကဲ့ပါအစ်ကို" သူကလည်း တွန်းအားမပေးချင် ထိုကြောင့် ဘာမှထပ်မပြောသည်က အကောင်းဆုံးဖြစ်မည်ဟု ထင်ကာ ဆက်မပြောပဲ ဆေးရုံမှပြန်လာခဲ့လေသည်
ငါတို့ဘယ်အချိန်ကစပြီး မှားယွင်းသွားကြတာလဲ?
"Morning" ရှန်က အိပ်မှုန်စုန်ဖွားနဲ့ အခန်းထဲကထွက်လာသော ယူအာအား နှုတ်ဆက်လိုက်လေသည်
"ဟိုင်း" ယူအာက သူမဆံပင်တစ်ချို့ကိုရှင်းလိုက်ရင်း ပြောလိုက်လေသည်
ယူအာက ထမင်းအိုးတည်ရန် မီးဖိုချောင်ထဲဝင်သွားသော်လည်း ထမင်းစားစားပွဲပေါ်၌ ချိုင့်တစ်ခုကရောက်နေလေသည်
ဧည့်ခန်းထဲမှ အသံထွက်လာလေသည် "ဒီနေ့ ထမင်းမချက်နဲ့တော့ အမေက ထမင်းထုပ်ပေးလိုက်တယ်"
သူမက ချိုင့်ကိုဖွင့်ကြည့်တော့ "ကြက်ဥလိပ်ကြော် gyouza နဲ့ ဟင်းရည်တစ်ချို့"
"အန်တီကို ကျေးဇူး" သူမစကားမဆုံးသေး နောက်လှည့်လိုက်သောအခါ ရှန်နဲ့ မျက်နှာချင်းဆိုင်တွေ့လေသည် "လန့်လိုက်တာ"
"လန့်တာလား?"
"ရုတ်တရက်ကြီး အသံမပေးပဲဝင်လာတာဆိုတော့လေ " ယူအာက ခေါင်းငုံလိုက်ရင်း ပြောလေသည်
"လန့်သွားတယ်ဆို တောင်းပန်ပါတယ် ကိုယ်မရည်ရွယ်ပါဘူး"
"ထိုင်လေ" ယူအာက ရှန်ထိုင်ရန် ထိုင်ခုံနေရာပေးပြီးနောက် ဇလုံနဲ့ တူအချို့အား နေရာချနေလေသည်
"မင်းလည်းစားပါ" ရှန်က သူ့ဘေးမှ ခုံတခုံအားဆွဲလိုက်ကာ ထိုင်ရန်အချက်ပြနေလေသည်
မတတ်သာသည့်အဆုံး ယူအာပါ ထမင်းဝိုင်းထဲရောက်သွားလေတော့သည် နှစ်ယောက်လုံးအတော်ကြာ စကားမပြောပဲနေကြရာမှ
"တောင်းပန်ပါတယ် ဟိုတစ်နေ့ညကိစ္စကို" ရှန်ကစတင်စကားပြောလေသည်
YOU ARE READING
"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"
Fanfiction- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်းကို ပြောင်းမိလိုက်ပြီ" Just a normal oc fic without intending anyone : Yuzuru Hanyu is the role model for my male lead . Start date- 22 augu...