စာရေးဆရာမှာ ပြောစရာရှိနေပါတယ်
ဒါကတော့ ယူအာ ၃ယောက်ကိစ္စပါ
ပထမ ယူအာ- ဆရာဝန် [သူကသက်ရှိနေတဲ့လူဖြစ်ပြီး ဇာတ်ကြောင်းကို ပြောင်းနိုင်တဲ့လူလည်းဖြစ်ပါတယ်]
ဒုတိယ ယူအာ- စာရေးဆရာမ [သူမက မလှုပ်နိုင်သေးတဲ့ သက်ရှိဖြစ်ပြီး သူမသာလက်တချက်လှုပ်နိုင်ခဲ့ရင် ဇာတ်ကြောင်းကြီး တခုလုံးကို မြေလှန်အောင်လုပ်နိုင်ပါတယ်]
တတိယ ယူအာ- အရံဇာတ်ဆောင်[ အသက်မရှိတဲ့ အရံသာဖြစ်ပြီး သူမက ပထမယူအာ ဒီကမ္ဘာကိုရောက်လာမှ လှုပ်ရှားနိုင်တဲ့လူ ဖြစ်ပါတယ်]
အ့တာကြောင့် အနှစ်ချုပ်အရဆို ယူအာ၃ယောက်ပေမယ့် တယောက်က အသက်မရှိပါဖူး ဒါကြောင့် နောက်လာမယ့်အပိုင်းတွေမှာ ကျန်တဲ့၂ယောက်ကို သတိထားပြီးစောင့်ကြည့်စေချင်ပါတယ်^ ^
ဇာတ်လမ်းထွက်မလာတာ နှစ်ပတ်ရှိပါပြီ ထူးဆန်းဖို့တော့ အကောင်းသား သူမလည်း wbထဲမဝင်သွားတာ နှစ်ပတ်ကျော်ပါပြီ ရှန်ကိုတချက်တချက်တွေးမိပေမယ့်
ကျောင်းစာသင်နှစ်ကတော့ ပြန်စတော့မှာဖြစ်တဲ့အတွက် သူမက အလုပ်က ညဂျူတီဖြစ်ပြီး နေ့ခင်းကျောင်းသွားရပါတယ် တချို့ရက်တွေကျ သူမကတေးရုံမှာတနေကုန်ရှိနေတတ်ပါတယ်"ယူအာ" သူမက ခေါ်သံကြောင့် နောက်ကိုလှည့်ကြည့်လိုက်ပါတယ် 'စီနီယာပဲ'
စီနီယာယူဂျွန်းကို တခုခုကိုဖွက်ထားတဲ့ပုံနဲ့ သူမနားကိုရောက်လာပါတယ် ည၁၂လည်းကျော်ပါပြီ လူနာတွေလည်းအလာကြဲသွားလို့ ဆရာဝန်တချို့တောင် အိပ်နေကြပါပြီ သူမက corridorလမ်းမှာ အသံတိတ်စာကျက်နေခဲ့တာ စီနီယာကဘယ်လိုမြင်သွားလဲတော့မသိ သူမက သူမဆံပင်တွေကို ဖွာနေတဲ့ဟာတချို့ကိုသပ်လိုက်ပြီး စီနီယာလာတဲ့ဖက်ကို လှည့်လိုက်ပါတယ်
"စီနီယာ " သူမက ပြုံးလိုက်ရင်း ဖြေလိုက်ပါတယ်
စီနီယာက သူနောက်ကျောနောက်မှာ ဖွက်ထားတဲ့အရာကို ထုတ်ပြလိုက်ပြီး ပြုံးရင်း ကျွန်မကိုပြောပါတယ် "coffee ထက် milkကို ကြိုက်မယ်ထင်လို့ ရွေးဝယ်လာခဲ့တာ "
![](https://img.wattpad.com/cover/282371841-288-k575825.jpg)
YOU ARE READING
"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"
Fanfiction- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်းကို ပြောင်းမိလိုက်ပြီ" Just a normal oc fic without intending anyone : Yuzuru Hanyu is the role model for my male lead . Start date- 22 augu...