"ယူအာ ဖြည်းဖြည်းထ " ယူဂျွန်းစီနီယာက သူမကို ထူပေးလိုက်တယ်
သူမရဲ့အမေနဲ့အဖေလည်း ဘေးမှာရှိနေခဲ့တယ်
"insomnia ဟုတ်လား?"
"အင်း insomniaတဲ့ "
'Insomniaဆိုတာ အိပ်မပျော်တဲ့ရောဂါ ဘယ်လိုလုပ် ငါက Insomniaဖြစ်နိုင်မှာလဲ?"
"ဒါဆို သမီးက ပြန်ကောင်းလာပါ့မလား?" ယူအာအမေက စိုးရိမ်စွာဖြင့် ယူဂျွန်းကိုမေးလိုက်တယ်
"အမေ အရမ်းစိတ်မပူပါနဲ့ ကျွန်တော် တာဝန်ကျဆရာဝန်နဲ့ပြောထားပါတယ် သူမက အလုပ်အရမ်းလုပ်ပြီး ပင်ပန်းနေလို့ ဖြစ်နေတာပါတဲ့ နားလိုက်ရင် ပြန်ကောင်းသွားမှာပါ" ယူဂျွန်းက အပြုံးချိုချိုဖြင့် ပြောနေလေသည်
"တော်သေးတာပေါ့ သမီးရယ် "သူမအမေက သူမလက်ကိုဆုပ်ရင်း ပြောလိုက်တယ်
"သမီးဘာမှမဖြစ်ပါဘူး"
"သမီးသတိမရတုန်းက ဒီဆရာဝန်လေးပဲ လာလာကြည့်ပေးတာ ခဏခဏ ကျေးဇူးအများကြီးတင်လို့မဆုံးဘူး " ယူဂျွန်းကို ကြည့်ရင်း ပြောနေကြလေသည်
ယူဂျွန်းစီနီယာက ယူအာကို ကြည့်နေရင်း ပြုံးနေလေသည်
'ဘာလို့ ငါက ဒီအခြေအနေမှာ နေရခက်နေသလိုခံစားနေရတာလဲ?'
"စီနီယာ" ယူအာက စီနီယာကို ကားဆီပြန်ပို့ပေးချင်ပေမယ့် အခန်းအပြင်ထိပဲလိုက်ပို့ရင်း စကားစလိုက်လေသည်
"ပြောလေ " သူက ပုံမှန်အသံနဲ့ သူမကိုကြည့်နေရင်း ပြောလိုက်သည်
"Caseက ..." သူမစကားမပြောခင်မှာပဲ
"ပြောင်းပြန်ဖြစ်နေတယ်မလား Insomniaကအိပ်မပျော်လို့ဖြစ်တဲ့ရောဂါပေမယ့် မင်းက အိပ်ပျော်နေတာမလား တားလို့ရမယ့်နည်းလမ်းလည်းမရှိသေးဘူး"
"ဒါဆို ခုနက ..."
"လိမ်ပြောခဲ့တာ မိဘတွေ စိတ်ပူနေမှာစိုးလို့ လက်တလောတော့ နားနေလိုက် ဘယ်အရာမှ စိတ်မဖိစီးစေနဲ့ အစားပုံမှန်စား ဖြေရှင်းရမယ့်နည်းလမ်းကို ငါကရှာလိုက်မယ် "
"ကျေးဇူးတင်ပါတယ် စီနီယာ" သူမက ယဥ်ယဥ်ကျေးကျေးပြန်ဖြေလေသည်
![](https://img.wattpad.com/cover/282371841-288-k575825.jpg)
YOU ARE READING
"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"
Fanfiction- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်းကို ပြောင်းမိလိုက်ပြီ" Just a normal oc fic without intending anyone : Yuzuru Hanyu is the role model for my male lead . Start date- 22 augu...