"Unsolved Puzzles"

94 7 3
                                    


ယူအာ အိမ်ပြန်ရောက်လာပြီးနောက် ထီးကို ဖိနပ်စင်နား၌ ထောင်ထားခဲ့ပြီး အိမ်ထဲ ဝင်လာသောအခါ ထမင်းစားစားပွဲပေါ်၌ တင်ထားသော ပန်းစည်းအားမြင်လိုက်ရလေတော့သည်

"အမေ" ယူအာက ပန်းစည်းမြင်တာနဲ့ သူအမေအား အော်ခေါ်လိုက်တော့တယ်

"သမီး ပြော " အမေဖြစ်သူက ရေချိုးခန်းထဲမှ ပျာပျာသလဲပြေးထွက်လာပြီး သမီးဖြစ်သူအား မေးလေသည်

"ဒီပန်းစည်းက အမေပန်းစည်းလား?" ယူအာက ပန်းကိုကိုင်လိုက်ရင်း မေးလေသည်

"မဟုတ်ပါဘူး ခုနလေးတင် လာပို့သွားတာ သမီးနာမည်နဲ့တဲ့ "

"ဟင်"

"ယူဂျွန်းပို့တာမဖြစ်နိုင်ဘူးလား သမီး" သူအမေက သူသမီးအား စသလိုနဲ့ မေးလေသည်

"မဖြစ်နိုင်ပါဘူး အကိုက ခုနက သမီးထမင်းချိုင့်သွားပို့တော့တောင် မအားနေတာ ပို့မယ်ဆို အကိုက ပြောမှာပါ "

"ကဲပါကဲပါ ထားလိုက်ပါတော့ ထမင်းစားကြရအောင် အဖေကို သွားခေါ်လိုက် "

ယူအာလည်း ပန်းစည်းချခဲ့ရာ စဥ်းစားမရသော ပုစ္ဆာတပုဒ်ကိုတွေးရင်း ထွက်သွားလေတော့သည်

"သား ဘယ်ကပြန်လာတာလဲ? မိုးတွေလည်းရွဲလို့"

တကိုယ်လုံး စိုရွဲပြီး ပြန်လာတဲ့ သားဖြစ်သူအား မေးလိုက်ခြင်း ဖြစ်သည် သွားတုန်းက သူသား ထီးယူသွားတာကို သူမျက်စိမြင်လိုက်တာသေချာသည်

"ဒီနားကပါ ထီးက ပျောက်သွားလို့ " အဲလိုဖြေကာ ထိုသူက သူအခန်းထဲ ဝင်သွားလေတော့သည်

"ဒီကလေးနှယ် ခက်ပါတယ် " ဆိုကာ အမေဖြစ်သူမှ ဟင်းပွဲအား microwaveထဲထည့်ကာ ပြန်နွေးနေလေသည်

ယူအာမှာ ဒီနေ့ ညဆိုင်းဆင်းရ၍တနေကုန် ယူဂျွန်အိုပါးနဲ့ စကားမပြောရသေးချေ

တဖက်တွင်

ရှေ့တွင် ကားမတော်တဆမှုရှိ၍ ရှေ့ဆက်သွားလို့မရဖြစ်နေလေသည် ထိုအချိန်

" ယူမာ လဲကျသွားပြီ လုပ်ကြဦး"  လဲကျသွားတော့ ယူမာဘေးသို့ အကုန်ပြေးသွားကြလေသည်

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now