Only You 4

2.3K 246 24
                                    

Unicode

ယခုဆို Jungkookသည် Jiminပြောပေးတဲ့ Jin hyungရဲ့ဆိုင်တွင် ကျောင်းပိတ်ရက်တိုင်း Managementပိုင်းတွင် ဝင်ရောက်လုပ်လေ့ရှိသည်~
လစာကလည်းကောင်းတဲ့အပြင် ပိုင်ရှင်သာမက ဝန်ထမ်းတွေကပါ ဖော်ဖော်ရွေရွေလည်း ရှိသည်~
ထိုအပြင် သူလေ့လာနေတာကလည်း Business and Managementပိုင်းဖြစ်တာကြောင့် Jin hyungတာဝန်ယူခိုင်းတဲ့ အပိုင်းနဲ့ ကွက်တိဖြစ်နေတာမို့ စာတွေ့အပြင် ကိုယ်တွေ့ပါရသည်~
အဘက်ဘက်က အဆင်ပြေနေတာမို့ Jungkookတစ်ယောက် ဘယ်လောက်ပင်ပန်းသည်ဖြစ်စေပျော်သည်~
ထို့သိုဖြစ်အောင် ကူညီပေးခဲ့တဲ့ ကိုကို့ကိုလည်း အမြဲကျေးဇူးတင်နေမိသည်~
တစ်ချိန်ချိန်တွင်တော့ ထိုကျေးဇူးတွေကို သူစွမ်းနိုင်သလောက် ပြန်ဆပ်မယ်ဟု Jungkookစိတ်ထဲတွင် ကမ္ဗည်းထိုးထားသည်~

"ကိုကို ပင်ပန်းနေပြီလား?"

"အလုပ်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ဆိုတော့ ပင်ပန်းတာပေါ့"

"သံပရာရည်လေး သောက်ပြီး နားလိုက်အုံး ကိုကို~ ကျွန်တော် ကိုကိုစားဖို့ ထမင်းဝိုင်း‌ပြင်ပေးထားမယ်~"

"အင်း~"

အခုတလော ကိုကိုတစ်ယောက် အိမ်အပြန်နောက်ကျလေ့ရှိသည်~‌သူ့ကို ကျောင်းပဲပို့ပေးပြီး အပြန်ဆို ကိုယ့်ဘာသာပဲပြန်ရသည်~
ထို့ကြောင့် Jungkookအိမ်သို့ပြန်ရောက်တာနဲ့ ရေမိုးချိုးပြင်ဆင်ပြီး ကိုကို့အလာကိုစောင့်နေမြဲ~
ကိုကိုအမောပြေအောင် သံပရာရည်လေးကိုအဆင့်သင့်ဖျော်ထားပေးပြီး ကိုကိုကြိုက်တဲ့ ဟင်းတွေလည်း တစ်နေ့တစ်မျိုးကိုယ်တိုင်ချက်ကျွေးလေ့ရှိသည်~

‌"ဘာတွေချက်ထားတုန်း~"

Jungkook ထမင်းဝိုင်းပြင်ပေးနေရင်း အပေါ်ထပ်မှဆင်းလာသောကိုကို~
အဖြူ‌ရောင်ရှပ်လက်တိုကို မီးခိုးရောင်sweet pantနဲ့ တွဲဝတ်ထားတဲ့ ကိုကိုဟာ အဖြူရောင်အသားရည်လေးနဲ့ လိုက်ဖက်လွန်းတာမို့ Jungkookငေးကြည့်ရင်း ယုန်သွားလေး‌များပေါ်သည်အထိ ရယ်မိသည်
ဒီလိုချောတဲ့ ကိုကို့ကို အစ်ကိုအရင်းအဖြစ်ပိုင်ဆိုင်ရရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးလေးဖြင့်ပေါ့~

"ဟိတ် .. ဘာတွေ့ပြုံးနေတာလဲ?"

"ကိုကိုက ချောလို့ ဟီးး~"

Only You ( Taekook ) ( Completed )Where stories live. Discover now