Only You 15

1.7K 173 15
                                    


Unicode

"အာ Kim!ဒီမှာ အလုပ်လုပ်နေတယ်လေ!"

သူ့အား ကျောနောက်မှ သိုင်းဖက်ပြီး လည်တိုင်ဖြူဖြူလေးအား တရှုံ့ရှုံ့နမ်းနေသော Kimကြောင့် ဟင်းချက်နေသောလက်တို့မှာ ဂနာမငြိမ်..

"သိတယ်လေ..ဒါမဲ့ ကိုယ်က Jeonကို မထိဘဲမှ မနေနိုင်တာ~"

ကြည့်..‌ပြောတိုင်းလည်း အခြားသူ ပြန်မပြောနိုင်တော့တဲ့အထိ ဖြေရှင်းချက်က အပြည့်မို့ Kimနဲ့အတူ ပြိုင်မပြောနိုင်တော့ပါ..
Jeonရဲ့ Kimသည် သိပ်စကားတတ်ပါသည်~

"ပြီးပြီ~စားရအောင်~ဒီပန်းကန်လေးတွေ စားပွဲပေါ်ချပေးဦး.."

"အိုခေပါဗျ"

အခုဆို Jiminက အလုပ်ကြောင့် အခြားနေရာရောက်နေတော့ Jungkookတို့ လွတ်လပ်ရေးရနေသလိုပင်..
ထို့အတူ Kimအတွက်လည်း သူဖြစ်ချင်တာတွေ တစ်ခုပြီးတစ်ခုဖြစ်လာသလိုပင်..
ရုံးသွားရုံးပြန်ကို အရင်က jiminလုပ်ပေးနေကျပေမယ့် ခုတော့ Kimက လုပ်ပေးသည်..
မနက်စာဆိုလည်း Kimနဲ့အတူ အပြင်မှာဖြစ်ဖြစ်
Kimရဲ့ condoမှာဖြစ်ဖြစ်နေ့တိုင်းလိုလိုစားဖြစ်သည်..
နှစ်ယောက်ရဲ့ အချိန်ပိုကြည်နူးစရာအချိန်လေးတွေတိုးလာသလို နှစ်ယောက်လုံးရဲ့ သံယောဇဉ်ဟာလည်း တဖြည်းဖြည်းတိုးလာပြီး ပိုရင်းနှီးလာသည်..

ခုလည်း ညနေအလုပ်စောဆင်းကာ Kimရဲ့ condoမှာဘဲ ညနေစာစားပြီး အနားယူနေကြခြင်းပင်..
ဧည့်ခန်းထဲရှိ နှစ်ယောက်ထိုင် ဆိုဖာအရှည်ကြီးရဲ့ အစွန်းတွင် Jungkookက ထိုင်နေပြီး Taehyungကတော့ Jungkookရဲ့ပေါင်ပေါ်ခေါင်းလေးတင်ကာ လှဲရင်း Ironman movieကြည့်နေကြခြင်းပင်~

"အ့! Kim~"

ရုတ်တရက် Jungkookအင်္ကျီလေးထဲရောက်လာပြီး ချပ်ကပ်နေသော သူ့ဗိုက်သားအားထိတွေ့လာတဲ့ လက်တစ်ဖက်ကြောင့် ငုံ့ကြည့်လိုက်တော့ တရားခံက Kim~

"ဘာလုပ်တာလဲ?"ဟူသော အကြည့်ဖြင့်ကြည့်လိုက်တော့..

" Jeonက Jeonစိတ်ဝင်စားတာကြည့်တာလေ..အဲ့တော့ ကိုယ်လည်း ကိုယ်စိတ်ဝင်စားတာ ကိုယ်လုပ်မယ်လေ~"

"ဟာ..ဒီလူကြီးကတော့ တကယ်ပါဘဲ..Kimက ခုလိုလုပ်နေတော့ ဒီက ဘယ်လိုလုပ် အာရုံစိုက်လို့ရမလဲ!"

Only You ( Taekook ) ( Completed )Donde viven las historias. Descúbrelo ahora