Only You 14

1.7K 180 4
                                    

Unicode

"Kim!!"

သူမြတ်နိုးရတဲ့ နှုတ်ဖျားမှထွက်ကျလာသော စကားက သူ့ရင်အစုံကို ကိုင်လှုပ်လိုက်သလိုပင်
မယုံကြည်နိုင်ခြင်းများစွာဖြင့် ‌သူသိပ်ချစ်လွန်းတဲ့ Kimဟူသော လူသားအား အော်လိုက်မိသည်..

ဘယ်လိုများပြောထွက်ရက်တာလဲ
အဲ့လောက်ထိလေ သူ့အခြေအနေကိုသိရက်နဲ့ သူ့ကိုကျေးဇူးကန်းစေချင်တာလား?
သူဟာ ဒီလိုလူမျိုး လုံးဝမဟုတ်ဘူးဆိုတာ Kimမသိခဲ့တာလား?
သူ့ကို Kimက အထင်သေးအမြင်သေးလို့ ဒီစကားထွက်ကျလာတာမဟုတ်ဘူးလား?
လွယ်လွယ်ရလို့ လွယ်လွယ်သဘောထားတဲ့သဘောလား?
အံ့ဩခြင်း မယုံကြည်နိုင်ခြင်းတွေကြောင့် ညိုးငယ်သွားသောမျက်နှာနဲ့ မျက်ဝန်းထက်ဝေ့တည်စပြုလာတဲ့ အရည်ကြည်တို့အား မျက်တောင်များဖြင့်ပုတ်ခပ်ပုတ်ခပ်လုပ်ရင်း မရမကထိန်းချုပ်ကာ ထိုအခန်းထဲမှ လှည့်ထွက်ရန်သာ စိတ်စောနေခဲ့သည်..

"ကိုယ်..ကိုယ်မှားသွားပါတယ်..ကိုယ်မပြောသင့်မှန်းသိပေမယ့် Jeonကိုချစ်တဲ့ ကိုယ့်ရဲ့စိတ်က အဲ့ဒီစကားပြောမိသွား‌စေတယ်.."

သူအမှားကြီး မှားပြန်ပြီ..
Minကို အရမ်းတွေးပေးလို့ရော မင်းကိုဂရုစိုက်လွန်းတာရောကြောင့် မနာလိုဝန်တိုစိတ်တိုဖြစ်တည်ကာ Jeonကို သူသာပိုင်ရမယ်ဆိုတဲ့ လောဘအတ္တတွေကြောင့် ပါးစပ်ထဲရှိရာ မဆင်မခြင်ပြောလိုက်မိတာ သိပ်ကိုမှားသွားပြီ..
Jeon ထိုသို့မဟုတ်မှန်း သူသိတာပေါ့.
ထို့ကြောင့် တံခါးလက်ကိုင်ကိုလှည့်ကာ ထွက်ရန်ပြင်နေသော ခန္တာကိုယ်ငယ်အား နောက်ကနေ တင်းကြပ်စွာ သိုင်းဖက်လိုက်တာမို့ လုပ်လက်စဟာ ရုတ်ချည်းငြိမ်ကျသွားပြီး သူ့ရင်ခွင်ထဲမှာသာ တောင့်တောင့်ကလေးရပ်နေသည်..
ဘာစကားမျှပြန်မပြောပေမယ့် ကိုယ့်စကားကိုနားထောင်နေတာတော့ သေချာသိတာမို့ ဆက်ပြောဖို့သာ ဦးတည်လိုက်သည်..

"Jeonက ကိုယ့်ကိုချစ်နေတာပဲမို့ ကိုယ်လက်ခံပေးသင့်တာ..ကိုယ့်ကို ဘယ်နေရာထားထား ကိုယ်ကျေနပ်ခဲ့သင့်တာ..ဒါကို ကိုယ်က လောဘကြီးသွားမိတယ် ..တောင်းပန်ပါတယ် နောက်ဆို Jeonဘာပြောပြောလက်ခံပေးပါ့မယ်..အခုJeonက မသိစေချင်ဘူးမလား ရတယ် ကိုယ်လက်ခံတယ်..လျစ်လျူရှုပြီး အနားက‌တော့
ထွက်မသွားပါနဲ့ကွာ နော်~"

Only You ( Taekook ) ( Completed )Where stories live. Discover now