Only You 8

2K 203 31
                                    

Unicode

ဘုတ်!!

"တောက် စောက်သုံးကိုမကျဘူး..!!
အတွင်းရေးမှူးဖြစ်ပြီး ဒီစာရင်းလေးတောင် မှန်အောင်မစစ်နိုင်ဘူး..!!ငါက အစအဆုံး လိုက်လုပ်ပေးနေရမှာလား..!! ဟမ်.."

"တောင်း..တောင်းပန်ပါတယ် ဥက္ကဌ~"

ရုံးခန်းရောက်တာနဲ့ သောင်းကျန်နေသော Taehyungကြောင့် အတွင်းရေးမှူးမလေးဆို ခေါင်းကျိုးကျမတက် ငုံ့ကာ အသွင်သွင်တောင်းပန်နေတာတောင် ‌ဒေါသကမပြယ်~

"Jeon Jungkookက ခုထိမရောက်သေးတာလား?"

"မရောက်သေးပါဘူး ဥက္ကဌ~"

"တောက်..!!"

ဒေါက်..ဒေါက်..

"ဝင်ခဲ့~"

Jungkookတစ်ယောက် companyထဲရောက်တာနဲ့ receptionကအစ်မဆီမှ ဥက္ကဌဒေါသထွက်ပြီးသောင်းကျန်းနေတယ်တဲ့ သူ့ကိုလည်း လာခဲ့လို့ မှာတာကြောင့် ရောက်လာခဲ့ခြင်းပင်~
ဝင်ခဲ့ဆိုတဲ့ အသံပြင်းပြင်းရဲ့နောက်က ဒေါသသံတွေကပ်ပါနေတာမို့ နည်းနည်းတော့ လန့်ချင်လာသည်~
မဝင်လို့လည်း မဖြစ်တော့ တံခါးကို အသားဖွင့်ကာ ဝင်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ချက်ချင်းပင် ထွက်ပြေးချင်စိတ်ပေါက်သွားသည်~
စာရွက်တွေက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေပြီး အတွင်းရေးမှူးအစ်မဆို နေရာမှ လှုပ်တောင်မလှုပ်~
Kimကတော့ မှန်ရှိရာဘက် မျက်နှာမူကာ မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကလည်း ခါးကိုထောက်ထားကာ သူ့ကိုကျောပေးထားသည်~

"ဥက္ကဌ ကျွန်တော်ရောက်ပါပြီ~"

"မင်းသွားလို့ရပြီ Yuri~"

Taehyungအမိန့်ရတာနဲ့ ရုံးခန်းထဲမှ မပြေးရုံတမယ် ထွက်သွားသော အတွင်းရေးမှူး‌Yuri~
ထို့နောက် ရုံးခန်းထဲတွင် Taehyungနဲ့Jungkookသာ ကျန်ခဲ့ပြီး အရာအားလုံးက တိတ်ဆိတ်နေပြီး Kimရဲ့ အသံရှူသံခပ်ပြင်းပြင်းသာ ကြားရသည်..
Jungkookကလည်း ‌မတ်တပ်ရပ်ခေါင်းငုံမြဲဖြစ်ပြီး Taehyungကတော့ အတတ်နိုင်ဆုံး ဒေါသကို လျှော့ချနေရသည်~

"ဘာလို့နောက်ကျနေတာလဲ?"

"ဟို ကိုကိုနဲ့ မနက်စာဝင်စားနေလို့ပါ~"

Only You ( Taekook ) ( Completed )Donde viven las historias. Descúbrelo ahora