Only You 20

1.7K 178 24
                                    

Unicode

နားစည်ထဲသို့ အသံဗုံးတစ်လုံးပေါက်ကွဲသည့်အလားတိုးဝင်လာသော Jeon! Jung!kook!ဆိုသည့်စကားသုံးလုံးက ဦးနှောက်ပါမကနှလုံးသားအထိပါ သံရည်ပူတွေလောင်းချသလို အရည်ပျော်ကျမတက်ပင်..
အစောကအချိန်ထိ ထိုစကားသုံးလုံးကို နားထောင်ရတိုင်း ရင်ထဲအဆမတန်ကြည်နူးမိသလို ရင်ခုန်သံတွေဟာလည်း ဝုန်းဒိုင်းကြဲစေခဲ့သည်..
ယခုတော့ Mr. Parkဆီမှ ထွက်လာသည့်Jeon Jungkookဆိုသော အမည်နာမကို မုန်းသည်..
စေ့စပ်ပွဲတဲ့လား? အဟက်!
ဘယ်သူ့သဘောနဲ့လဲ?
Jeonက လက်ခံရင်တောင် သူက လက်မခံဘူး!
Jeonက သူ့အပိုင်လေ Jeonရဲ့နှလုံးသားပါမက အသွေးအသားပါမကျန် သူပိုင်ခဲ့တာ!
ဆက်ပြီးတော့လည်း သူ့အပိုင်အဖြစ်တစ်သက်လုံးရှိနေရမှာ!
Kim Taehyungအတွက် Jeonက တစ်ခါပိုင်ပြီးရင် တစ်သက်လုံးစာအပိုင်ပဲ ဖြစ်နေရမယ်!

ဝုန်း!

"မြေး!"

"ယောင်းး! ရပ်လိုက်! Kookieအရှက်ကွဲတာမမြင်ချင်ရင် ရပ်လိုက်ပါကွာ~"

မြင်ကွင်းရှေ့တည့်တည့်ရှိ stageပေါ်တွင် နေရာယူထားသောသူနှစ်ယောက်..
ဘယ်ဘက်လက်သန်းကြွယ်အချင်းချင်းအား လက်စွပ်ဝတ်ပေးနေသည့်မြင်ကွင်းကို အရဲစွန့်ကာကြည့်မယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် တကယ့်လက်တွေ့မှာ သေလောက်အောင်ကိုနာကျင်ရသည်လေ
ဒီအ‌ရေးမပါတဲ့ပွဲကြီးကို စိတ်လိုလက်ရဖျက်စီးပစ်ချင်စိတ်နဲ့ ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်တော့ အဖွားနဲ့ အစ်ကိုဖြစ်သူကတားလာသည်..

Jeon! Jeon! Jeon!နဲ့ သူ့ရဲ့အရာအားလုံးကိုအပိုင်ဆိုးထားတဲ့သူနဲ့ ချုပ်ကိုင်လာပြန်တော့ စင်ပေါ်ရှိချစ်ရသူကို မျှော်ကြည့်လိုက်တဲ့အခါ မျက်ရည်ဥလေးများရစ်ဝိုင်းကာ နဂိုထက်တလက်လပ်ထနေတဲ့မျက်ဝန်းလေးနဲ့အတူ သူ့ကိုဘာမှမလုပ်ဖို့ ခေါင်းခါပြလာသည်..

"ဟက်!မင်းအမိန့်ကို မလွန်ဆန်နိုင်တဲ့ကိုယ်က အရူးပဲ Jeon! "

ထိုမျှသာပြောပြီး ခြေလှမ်းကြဲကြီးများဖြင့် အဝေးသို့ ထွက်သွားသောသူ့ရဲ့မျက်ဝန်းတွေမှာ အဓိပ္ပါယ်တွေအများကြီး..ကြေကွဲမှုနှင့် ဒေါသဖြစ်မှုကတော့ အထင်းသား...
မျက်ဝန်းထောင့်တွေရဲတွတ်ကာ စူးရဲ‌နေသည့်အကြည့်တွေ..
ဒေါသကြောင့် အံတင်းတင်းကြိတ်ထားတာမို့ ‌ထိုးထွက်လာတဲ့မေရိုးတင်းတင်းကြီးတွေနဲ့လည်ပင်းကြောကြီးတွေ..
ကျစ်ကျစ်ပါအောင်ဆုပ်ထားသောလက်သီးနဲ့အတူ လက်ဖျံတစ်လျှောက် ထောင်ထွက်လာတဲ့ သွေးကြောစိမ်းစိမ်းကြီးတွေက အရာအားလုံးကို ဖျက်ဆီးသွားမိမှာစိုးလို့ အတင်းချုပ်တည်းထားမှန်းသိသာသည်..

Only You ( Taekook ) ( Completed )Donde viven las historias. Descúbrelo ahora