Only You [ Final ]

4.8K 224 69
                                    

Unicode

ပိတ်ချထားသောတံခါးကြီးဟာ ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ဆရာဝန်များနဲ့အတူ medical bedပေါ်တွင် ဖျောတော့စွာလှဲရင်းပါလာသော ကောင်ငယ်လေး..
အရင်နဖူးပြင်ရှင်းရှင်းလေးနေရာမှာ ပတ်တီးဖြူဖြူကနေရာယူနေ‌ပြီး နှာခေါင်းလုံးလုံးနဲ့နှုတ်ခမ်းချွန်ချွန်လေးပေါ်မှာတော့ oxygen maskက နေရာယူထားသည်..
မျက်ဝန်းအစုံပိတ်ကားချထားသော မျက်နှာလေးက ဖြူဖျော့ဖျော့ဖြင့်သာ..

စိုးရိမ်အခြေအနေမို့ ခွင့်ပြုထားသောဆရာဝန်မှအပ ကျန်တဲ့သူတွေအဖို့အနားကပ်ခွင့်မရှိတာမို့ အနီးဆုံးမြင်ရသည့်နေရာကတွင်သာ ငေးကြည့်လျက်သာ..

"Doctor~ ဆေးစစ်ချက်အဖြေထွက်ပါပြီ.."

"ကောင်းပါပြီ~"

နှလုံးအထူးကုဆရာဝန်ကြီးရဲ့ ရုံးခန်းလေးထဲတွင် သူတို့နှစ်ဦးသည် အဖြေကို မျှော်လင့်တကြီး စောင့်စားလျက်..

"သိပ်ကို အံ့သြစရာပဲဗျာ! နှစ်ယောက်တည်းက တစ်ယောက်က လူနာနဲ့ကိုက်ညီပါတယ်!"

"ဘယ်တစ်ယောက်လဲ ဆရာ!"

ပြိုင်တူထွက်ကျလာသော စကားတွေက မျှော်လင့်ချက်အပြည့်!
ဘယ်သူပဲ ပေးရပေးရ ကိစ္စမရှိ..
Jeonဆိုတဲ့ကောင်လေး ကျန်းမာဖို့သာ အဓိကဖြစ်သည်လေ..

"Mr.Parkပါ!"

အဖြေကိုကြားသည့်ပြီးနောက် နှုတ်ခမ်းထက်အပြုံးလှလှလေးပွင့်ဖူးလာတဲ့ Park Jimin..
သူ့အသက်ပေးရမှာကို မနှမြော
ကလေးငယ်သာ အသက်ရှင်ရင် ရပြီ
ဒါဆို လုံလောက်ပြီ

"ကျေး ကျေးဇူးတင်ပါတယ်ဆရာ!"

"ဒါဖြင့် Mr.Park သေချာရဲ့လား.."

"ဟုတ်ကဲ့ဆရာ! "

"ကောင်းပါပြီ..ဒါဆို ဒီမှာလက်မှတ်ကလေး ထိုးပေးပါဦး.."

ရှေ့‌မှောက်သို့ တွန်းပို့လိုက်သော နှလုံးအလှူရှင်ရဲ့ အမည်နေရာတွင် သူ့ရဲ့နာမည်လေးအား အသေအချာရေးကာ လက်မှတ်လေးထိုးပေးလိုက်သည်..
ကြည်နူးမှုအနေဖြင့် မျက်ရည်တစ်စက်ကတော့ အပိုပါသွားတာပေါ့..

"ကျွန်တော်တို့ ကလေးငယ်ကို Japanက ဆေးရုံမှာ ပြောင်းပြီး ခွဲစိတ်မှုလုပ်ချင်ပါတယ် ဆရာ.."

Only You ( Taekook ) ( Completed )Tempat cerita menjadi hidup. Temukan sekarang