Only You 10

2K 204 19
                                    

Unicode

*Tae ငါမင်းကို အလျှော့ပေးလိုက်တာမဟုတ်ဘူး..ရှေ့နှစ်လှမ်းမတိုးခင် ရောက်တဲ့နေရာမှာခဏရပ်ပေးလိုက်တာမို့ အပျော်မစောနဲ့..*

ကားမောင်းနေတဲ့တစ်လျှောက်လုံး အတွေးတွေကို ဖြန့်ကျက်ရင်း ရုံးသို့ပြန်‌လာနေပါသော Jimin..
.
.
.
တစ်ဖက်တွင်လည်း ပုံမှန်ထက် တိတ်ဆိတ်နေသော Jungkook..
ကိုကို့ကို တစ်ခါမှမလိမ်ခဲ့ဖူးသလို မကွယ်ဝှက်ခဲ့တဲ့သူက အခုတော့ ကိုကိုမသိအောင်လုပ်ထားသမျှတွေဟာ ဘူးပေါ်သလိုပေါ်ကုန်ပြီမို့ ဝမ်းနည်းရသည်~
ကျေးဇူးရှင်ကိုမှ ကွယ်ဝှက်ခဲ့တဲ့အပြစ်မို့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသည်~
ပြန်ရောက်ရင်လည်း ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတကယ်မသိပေ~
တစ်ကောင်ကြွက်တစ်မျက်နှာဖြစ်သည့်ကိုယ့်ဘဝကို မြှင့်တင်ပေးပြီး အစစအရာအရာ ဂရုစိုက်ခဲ့တဲ့သူအပေါ်မှာ အခုလိုမျိုးလုပ်ရပ်လုပ်ဖြစ်လိမ့်မယ်လို့ သူတစ်ခါမှ မတွေးမိခဲ့ပေမယ့် Kim ဆိုသော လူသားဟာ သူ့ဘဝထဲဝင်ရောက်လာတဲ့အခါမှာတော့ ‌အကုန်ပြောင်းလဲစပြုလာခဲ့သည်~
ကျေးဇူးရှင်ကို ကျေးမဆွတ်ချင်သလို Kimကိုလည်း ဥပေက္ခာမပြုရက်နိုင်...

"Jeon.."

Restaurantကအပြန်လည်း စကားတစ်ခွန်းမှမပြောဘဲတွေတွေကြီးဖြစ်နေပြီး~အခု အလုပ်ကိစ္စပြီးတော့အပြန်လည်း ဘာမှမပြောသော Jeonကြောင့် Taehyungကနေဘဲ စတင်ခေါ်လိုက်တဲ့အခါမှ သူ့အားပြန်ကြည့်လာသည်~

"ဘာလို့အဲ့လောက် ငြိမ်နေရတာလဲ?"

"ဘာ..ဘာမှမဖြစ်ပါဘူး.."

ဒီလောက်သိသာနေတာတောင် ညာချင်နေတဲ့ကောင်လေး~
တကယ်လည်း မညာတတ်ပါပဲနဲ့ သူ့လိုလူကိုမှ လာညာနေတာမို့ ဟက်ခနဲရယ်လိုက်မိသည်~

"ဟက်~ ကိုယ့်ကိုညာလို့ရမယ်ထင်လို့လား?"

"......"

သူပြန်ပြောလိုက်တော့ ဘာမျှပြန်မပြောပါဘဲ ခေါင်းလေးအားငုံ့လိုက်ပြန်တဲ့ကောင်လေးရဲ့ မျက်ဝန်းတွေကို သူဖက်လိုက်မိသေးသည်~
သေချာပေါက် Jeonဝမ်းနည်းနေတယ်တဲ့လေ~

"Minသိသွားလို့စိတ်မကောင်းဖြစ်နေတာလားဟင်..ကိုယ့်ကိုပြော..ဥက္ကဌအနေနဲ့မဟုတ်တောင် အသိမိတ်ဆွေအဖြစ်သတ်မှတ်ရင်..Jeonခံစားနေရတာကို ကိုယ့်ဆီမှာ ဖွင့်ထုတ်ပလိုက်~အနည်းဆုံးတော့ ကိုယ်နှစ်သိမ့်ပေးနိုင်‌တာပေါ့~"

Only You ( Taekook ) ( Completed )Donde viven las historias. Descúbrelo ahora