Only You 21

1.7K 181 31
                                    

Unicode

ဂျောက်!

အရင်တစ်ယောက်တည်းနေခဲ့တဲ့ တိုက်ခန်းလေးက ယနေ့မှ အထီးကျန်စွာ တိတ်ဆိတ်ခြောက်ကပ်နေသည်..
အမှောင်အတိသာဖြစ်နေသော အခန်းလေးထဲတွင် အလွတ်ရပြီးသားဖြစ်သည့် တံခါးဘေးရှိမီးခလုတ်လေးအား မဖိနှိပ်တော့ပါဘဲ အခန်းဝမှာတင် တံခါးအား ကျောမှီရင်း ထိုင်ချလိုက်သည်..
ယိုင်နဲ့နေသော ခြေထောက်တွေက အိပ်ခန်းထဲအထိတောင် သူ့ကိုခေါ်ဆောင်သွားဖို့မတတ်နိုင်ပါ..
ဘေးတွင်ချထားသော အိတ်ထဲမှ ဆိုဂျူပုလင်းအား ထုတ်ကာ တစ်ကျိုက်မော့လိုက်ရင်း ဝေ့တက်လာသော မျက်ရည်စတို့အား ပါးပြင်ထက်လွတ်လပ်စွာစီးဆင်းခွင့်ပြုလိုက်သည်..

"အခုတည်းက မင်းကို သိပ်လွမ်းနေပြီ Jeon~"

ငယ်ငယ်ကတည်းက လိုတိုင်းရခဲ့တဲ့သူက
Minနဲ့ယှဉ်လိုက်တဲ့အခါ ဒုတိယရွေးချယ်မှုသာဖြစ်ခဲ့သည်..
သို့ပေမယ့်လည်း စိတ်မဆိုးရက် စိတ်မနာရက်နိုင်တဲ့အထိ ပြုစားထားလွန်းတဲ့ Jeon..
နောက်ဆုံးတစ်ခါလည်း ချစ်ရသူရဲ့ စိတ်ဆန္ဒ အလိုကျအတိုင်း မလွန်ဆန်ဘဲ လမ်းခွဲပေးခဲ့ရပြန်သည်..

ဒီအခန်းလေးထဲမှာဘဲ Jeonရဲ့အငွေ့အသက်လေးတွေ..ပေးခဲ့ဖူးတဲ့အကြင်နာအနမ်းလေးတွေ..အတူဖြတ်သန်းခဲ့ဖူးတဲ့အချစ်ခရီးလေး တွေကို  နောက်ထပ် ဘယ်တော့မှ မရနိုင်တော့‌ပေမယ့်
ရင်ဘက်ထဲမှာခံစားမိနေတုန်း..
Jeonက လုပ်ရက်လိုက်တာ!

"ကိုယ်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ခုတော့ တိမ်တိုက်တွေလို တစ်ဆတစ်ဆနဲ့လွင့်မျောပြီး ပျောက်ကွယ်သွားတော့မယ် ထင်တယ်..Jeon~"

"ကိုယ်မင်းကို မစွန့်လွှတ်နိုင်ဘူးကွာ..ဟင့်!"

"တဇွတ်ထိုးလုပ်လိုက်လို့ မင်းမုန်းသွားမှာလည်း ကြောက်တယ်..ဒီတိုင်း လက်လျှော့လိုက်ဖို့လည်း မလုပ်နိုင်ဘူး.."

"ကိုယ်..ကိုယ် ဘာဆက်လုပ်ရမလဲဟင်?"
.
.
.
လူတွေက ပြောကြတယ် အသဲကွဲတဲ့အခါ အရက်သောက်တဲ့..
မူးနေရင် ဘာမှမသိတော့ဘဲ ခံစားရတစ်ဝက်သက်သာတယ်တဲ့လေ..
ဒါမဲ့ ကိုယ့်ကျတော့ မူးအောင်သောက်လေ မင်းကိုသတိရလေပဲ Jeon..
မြင်ကွင်းထဲ အတွေးထဲ နှလုံးသားထဲအထိ နေရာတိုင်းလိုလိုမှာ မင်းရဲ့ မျက်နှာလေးတွေမြင်နေရသလို မင်းရဲ့ချိုသာတဲ့အသံလေးတွေကလည်း အဆက်မပြတ်ကြားနေတုန်းပဲ..
ခဏလေးဘဲ ဖြစ်ဖြစ် မေ့ပျောက်ဖို့တောင် ကိုယ်မလုပ်နိုင်တော့ဘူးမို့.......

Only You ( Taekook ) ( Completed )Où les histoires vivent. Découvrez maintenant