1

2.2K 147 0
                                    

စားသောက်ဆိုင်တစ်ခုရဲ့ ထောင့်ကျကျဝိုင်းလေးမှ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်။

"ဆောနူငါတောင်းပန်ပါတယ် လမ်းခွဲကြရအောင်"

ကောင်မလေးဆီမှ ထွက်ပေါ်လာတဲ့စကား..........

ပန်းကန်ထဲမှ အသားတုံးလေးကို လှီးဖြတ်နေတဲ့ ကောင်လေးရဲ့ လက်တွေဟာတွန့်ခနဲ..

"ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ? "
"ဆောနူ နင်လဲသိတာပဲ ငါတို့ရဲ့ဆက်ဆံရေးက နွေးထွေးမှုမှမရှိတာ တွဲလာခဲ့တဲ့အချိန်က သုံးနှစ်တောင်ဆိုပေမယ့် ငါတို့မှာ ရင်းနှီးမှုဆိုတာလေးတောင်ရှိခဲ့ဖူးလို့လား "
"အင် အဲ့တာဆိုရင်လဲ မင်းသဘောပဲလေ ကိုယ်လက်ခံပါတယ်"
"ငါတောင်းပန်ပါတယ် သွားခွင့်ပြုပါဦး"

ထွက်ခွာသွားတဲ့ သူမ။ လှည့်တောင်မကြည့်ခဲ့တာ.... သူမအတွက် ကိုယ်က အေးစက်တဲ့လူတစ်ယောက်ဖြစ်ခဲ့တာလား.....သူ ထိုကောင်မလေးကို ချစ်ပါတယ်။ချစ်လို့လဲ လမ်းခွဲတာကို လက်ခံပေးခဲ့တာ။

သူ့မှကိုယ့်ဆီမှာ မပျော်တော့တာကို....သူမ ပျော်နေဖို့ကအရေးကြီးဆုံးမို့ လက်လွှတ်ပေးခဲ့တာ။ဒီရင်ဘတ်ကြီးကတော့ နာကျင်နေရတယ် ။ကိုယ်က မင်းကိုတန်ဖိုးထားပေးခဲ့တာလေ ချစ်လွန်းလို့... မင်းအမြင်မှာတော့ ငါတို့ဆက်ဆံရေးက ရင်းနှီးမှုမရှိဘူးလို့ မြင်ခဲ့တာပေါ့။နာကျင်ရပါတယ် ဂျီဟီ..........

            ~~~~~~~
"7နာရီထိုးတော့မယ် ငါသွားတော့မယ်နော် ဂျယ်ယွန်း"
"အင် ဖိုက်တင်း"
"ဖိုက်တင်း"

ဆောင်းဟွန်းလဲ 7 နာရီထိုးတော့မှာမို့ အချစ်ရဆုံးသော သူငယ်ချင်းလေးကို နှုတ်ဆက်ကာ သူအချိန်ပိုင်းအလုပ်လုပ်နေတဲ့ စတိုးဆိုင်လေးကို ထွက်လာခဲ့သည်။
သူတို့နေတဲ့ တိုက်ခန်းလေးနဲ့လဲ မဝေးတာမို့ ခြေလျှင်သာလျှောက်သွားနေကျ.......။
လူကူးမျဥ်းလေးတစ်ခုမှာ မီးနီပြနေတာကြောင့် ဆောင်းဟွန်းလဲ စောင့်နေလိုက်သည်...။

ထိုစဥ် ဆံနွယ်အဖြူရောင်လေးတွေနဲ့ ကောင်လေးတစ်ယောက်.......
မီးနီနေသည်ကို မမြင်လေရောလား...ကားတွေလဲဖြတ်သွားနေတဲ့ဟာကို လမ်းကိုဖြတ်ကူးဖို့ ကြိုးစားနေလေရဲ့..... ဆောင်းဟွန်းလဲ ထိုကောင်လေးရဲ့ လက်ကောက်ဝတ်လေးကိုအမြန်ဆွဲလိုက်ကာ...

Lily of the Valley [SUNSUN]Where stories live. Discover now