9

599 66 12
                                    


"မေမေနဲ့ဖေဖေက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ...."

ဆောနူမယုံနိုင်စွာ မေးလိုက်မိသည်...။

"သားကရော အထုတ်ကြီးဆွဲပြီး ဘယ်သွားမလို့လဲ..."
"သားက .....သား ဆိုးလ်ကိုပြန်လာတော့မလို့လေ..."
"ဘာလို့ပြန်မှာလဲ...ဒါသားနေရမဲ့ အိမ်ပဲလေ...."
"ဟင်... မေမေဘာတွေပြောနေတာလဲ...."

မေမေက သူ့စကားကို ပြန်မဖြေပဲ အနောက်မှာရပ်နေတဲ့ ဟျောင်းကိုကြည့်ကာ....

"သား ဆောင်းဟွန်းလေး .......ဆောနူလေးက ဆိုးတယ်မလား...."
"အာ...မဆိုးပါဘူး...ခုနကတော့ အရိုက်ခံလိုက်ရတယ်..."

မေမေ့ရဲ့အမေးကို ပြုံးရွှင်စွာပြန်ဖြေနေတဲ့ဟျောင်း...ပြီးတော့ ရယ်နေကြသေးတယ်။ ဆောနူနားမလည်တော့ မေမေမျက်နှာကိုတလှည့် ဟျောင်းမျက်နှာကိုတလှည့်ကြည့်ကာ ခြာခြာလည်နေပြီ..။ဘယ်တုန်းက ခင်သွားကြတာပါလိမ့်...။
ထိုအချိန် မေမေရဲ့ ဘေးနားမှာရပ်နေတဲ့ အဖေဖေက သူ့ပုခုံးကိုလာဖက်သည်...။
ဆောနူ ဖေဖေ့ကိုကြည့်လိုက်ပြီး......

"ဖေဖေ ဘာတွေဖြစ်နေကြတာလဲ..."

ဆောနူ ဆံနွယ်ဖြူဖြူလေးတွေကို ဖွရင်း နားမလည်စွာမေးလိုက်မိသည်...။

"ဟားဟားးး ဖေ့သားလေးတောင် လက်ထက်ရမဲ့ အရွယ်ရောက်လာပြီပဲ.....မင်းရဲ့ဟျောင်းကို အရမ်းဆိုးနဲ့နော် ဆောင်းဟွန်းက အေးအေးဆေးဆေးသမား..."

ဟျောင်းကို ကြည့်ကာ အမွှန်းတင်နေတဲ့ဖေဖေ...။မသိရင် သူကပဲ ဟျောင်းနဲ့ လက်ထက်ရမှာကျနေတာပဲ...ဟိုကသူ့သားကို ဘယ်လိုလုပ်ခဲ့လဲဆိုတာကိုသိရင် ဖေဖေချီးကျူးနိုင်ပါဦးမလား...။

နေပါဦး....နေပါဦး......

ဖေဖေခုဏက 'ဖေ့သားတောင်လက်ထက်ရမယ့် အရွယ်ရောက်လာပြီပဲ 'ပဲလို့ပြောလိုက်သလား...။

တကယ်ကြီးလား...။

ဖေဖေကို ပြန်ကြည့်လိုက်တော့လဲ ပြုံးပြီးခေါင်းငြိမ့်ပြတယ်..။ မေမေနဲ့ ဟျောင်းကလည်း ခုထိ စကားတွေပြောနေတုန်း...။ သူပဲတစ်ခြားကမ္ဘာတစ်ခုကိုရောက်နေသလို..။ဘာမှလိုက်မမှီတော့..။

ထိုအချိန် အိမ်နောက်ဘက်ကနေ ရောက်လာတဲ့ ဖိုးဖိုး...

"အော်....သားတို့သမီးတို့ ရောက်နေပြီပဲ လာလေ ထိုင်ကြပါလား...ဆောင်းဟွန်းက ခေါ်ထိုင်လေ....."
"ဟုတ်ကဲ့အဖိုး...."

Lily of the Valley [SUNSUN]Where stories live. Discover now