6

636 84 3
                                    

"မေမေ သားမနက်ဖြန် သွားချင်တယ်....."
"ဟုတ်ပြီသား......မေမေပြောထားပြီးသွားပြီ သားငယ်ငယ်က အမြဲဆော့နေကျ အိမ်လေးလေ မှတ်မိသေးလား"
"မသိတော့ဘူးထင်တယ် မေမေ ဟီးးး ဟိုရောက်ရင်တော့ သိရင်သိမှာပေါ့ "
"အေ့ပေါ့ ဒီကို​ပြောင်းလာတော့ သားက ငယ်ငယ်ရှိသေးတာကို ဘယ်မှတ်မိမလဲ.... အရမ်းမဆိုးနေနဲ့နော်သား "
"မဆိုးပါဘူး မေမေကလဲ......"
"မေမေ့သားလေး လိမ္မာတာ မေမေသိပါတယ်..."

သားလေးက ကောင်းကောင်းကြီးပြင်းလာတာပဲ.....အရွယ်တောင်ရောက်နေပြီ......

~~~~~~~~~~~~~~~~~~~~~~

"မေမေ သားသွားတော့မယ်နော်...."
"ပျော်ရွှင်စရာ ခရီးလေး ဖြစ်ပါစေ....ကောင်းကောင်းလည်ခဲ့နော်...."
"ဟုတ်....တာ့တာ... "

ဆောနူလဲ မေမေကိုနှုတ်ဆက်ပြီး ထွက်လာခဲ့သည်.....။

အရမ်းကြီး မဝေးတာမို့ ဆောနူလဲ ကားလေးဖြင့်သာ ထွက်ခဲ့သည်........။နှစ်နာရီလောက်ဆို ရောက်မယ် ပြောတယ်.......။

နှစ်နာရီကြာ ကားစီးပြီးနောက်.........
ဆောနူလဲ ကားလေးပေါ်မှာဆင်းလိုက်ကာ.........

"ငါပြန်ရောက်ပြီကွ မွေးရပ်မြေကြီးရေ......"

လက်လေးနှစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်မိသည်။
ကျေးရွာလေးမလို့ seoul နဲ့မတူ လက်ဆတ်တဲ့လေကို ရှုရတာနဲ့တင် အပန်းပြေတယ်....

"ဟူး....အိမ်ရှာရမယ်..."

ဆောနူလဲမေမေပြောပြတဲ့ လိပ်စာလေးအတိုင်း ရှာဖွေခဲ့သည်....။

သွားနေတဲ့ လမ်းတစ်လျှောက်မှာ ဘေးတစ်ဖက်တစ်ချက်စီက မျိုးစုံ ပန်းခင်းကြီးတွေ တော်တော်ကို လှတာ.....ကြည့်ရရုံနဲ့တင် ပျော်ဖို့ကောင်းတယ်....။ လေအသင့်မှာ ပါလာတဲ့ ပန်းရနံ့လေးတွေက မွေးကြိုင်နေတာပဲ..... တကယ်နေလို့ကောင်းတဲ့ အရပ်ဒေသပဲ ဖြစ်နိုင်ရင် ဒီမှာပဲ အပြီးသာ ပြန်နေလိုက်ချင်တော့တယ်.....မေမေတို့က ဘာလို့ ဆိုးလ်ကို ပြောင်းခဲ့မှန်းမသိ......

ဆောနူလည်း ပန်းခင်းလေးတွေငေးကြည့်ကာ ​လျှောက်လာခဲ့သည်.....။ ရှေ့မှာ မြင်နေရတဲ့ အိမ်တစ်လုံး...... အိမ်လေးရဲ့ ပတ်ပတ်လည်မှာလဲ ပန်းခင်းလေးတွေ အပြည့်...တကယ်နေချင်စရာလေး........

Lily of the Valley [SUNSUN]Where stories live. Discover now